Healthy Life Ad
Q & A

လိင်တံသေးရင် သားသမီးရနိုင်လား

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

Q. မွေးရာပါ ယောကျာ်းလိင်တံ တစ်လက်မလောက်ပဲရှိတယ်။ အိမ်ထောင်ပြုရင် သားသမီးရနိုင်လား။

မင်္ဂလာပါ(FB)

A. တချို့လူတွေမှာ လူကောင်ထွားပြီး လိင်တံသေးနေတဲ့ ရောဂါစုတစ်ခုရှိပါတယ်။ အခုကတော့ အသက်အရွယ်ကို မဖော်ပြထားတဲ့အတွက် ဒါကိုဖြေရရင် အိမ်ထောင်ပြုလို့ရ၊ မရဆိုတာရယ်၊ သားသမီးရ၊ မရဆိုတာရယ်က လိင်တံသေးခြင်း၊ ကြီးခြင်းနဲ့ မဆိုင်ပါဘူး။ လိင်တံမတ်မယ်၊ လိင်ဆက်ဆံရင် သုက်ထွက်မယ်၊ သုက်ရည်ထဲမှာပါတဲ့ သုက်ပိုးက ကျန်းကျန်းမာမာနဲ့ အပြည့်အဝပါတယ်ဆိုရင် ကလေးရမယ်။ စောစောကပြောတဲ့ လူကောင်ထွားပြီး လိင်တံသေးတဲ့ ရောဂါစုရှိသူတွေမှာ သုက်ကောင်အပြည့်အဝ မပါဘူး၊ ထွက်လာတဲ့ သုက်ကောင်ကလည်း အရည်အသွေးမပြည့်မီဘူး။ ဒါမျိုးဆိုရင် ကလေးရနိုင်ခြေနည်းပါတယ်။ ခြုံပြောရရင် (၁) လိင်တံမတ်နိုင်သလား၊ (၂)လိင်ဆက်ဆံရာက ထွက်လာတဲ့ သုက်ရည်ထဲမှာ သုက်ပိုးအပြည့်အဝနဲ့ အရည်အသွေးကောင်းတယ်ဆိုရင် ကလေးရနိုင်ခြေ ရှိတယ်လို့ပဲ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top