Healthy Life Ad
International

နှစ် ၂၀ ကျော်ကြာ အပြင်းစားဝိုင်ကို ရေလိုသောက်ခဲ့သူ ပုံပျက်ပန်းပျက်အသွင် ဖြစ်လာ

ကိုထက်

အသက် ၄၀ ကျော် အရွယ်ကတည်းက နေ့စဉ် အနည်းဆုံး အပြင်းစားဝိုင်တစ်လီတာ သောက်လေ့ရှိသူ တန်အမည်ရှိ တရုတ်အမျိုးသားတစ်ဦးဟာ အခုအခါမှာ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်နေရပါတော့တယ်။

တရုတ်အမျိုးသားရဲ့ လည်ပင်းနဲ့ပခုံးမှာ အဆီတွေ ကြီးထွားစုဆောင်းမှု ဖြစ်နေခဲ့ပြီး ဒီလိုစဖြစ်တာ ကြာပြီလို့သိရပါတယ်။ ဆရာဝန်တွေကတော့ အယ်လ်ကိုဟောကြောင့် ရှားပါးတဲ့ဖြစ်ရပ်အနေနဲ့ သူ့လည်ပင်းဟာ ပုံမှန်အရွယ်အစားထက် နှစ်ဆခန့် ကြီးထွားရောင်ရမ်းလာတာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အသက် ၆၈ နှစ်အရွယ်တန်က အသက် ၄၀ နဲ့ ၆၆ နှစ်ကြားအရွယ်မှာ အပြင်းစား တရုတ်ဆန်ဝိုင်ကို ရေလိုသဘောထားပြီး တစ်နေ့တစ်လီတာ သောက်ခဲ့တယ်လို့ ဆိုပါတယ်။ လည်ပင်းမှာ အလုံးကြီးကြီးမားလာတဲ့အတွက် အသက်ရှူရခက်ခဲလာမှ ဟူနန်ဆေးရုံကို ရောက်လာပါတော့တယ်။

တန်ရဲ့လည်ပင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဆီကျိတ်လို့ခေါ်တဲ့ အဆီစုကြီးတစ်ခုရှိနေတဲ့ ရှားပါးရောဂါ (Madelung’s Disease) ခံစားနေရတယ်လို့ ဆရာဝန်တွေကဆိုခဲ့ပြီး အဲဒီအဆီကျိတ်ကြီးက သူ့အသက်ရှူလမ်းကြောင်းကိုဖိပြီး နာကျင်မှုခံစားနေရတယ်လို့ တန်ကဆိုပါတယ်။ နှစ် ၂၀ ကျော်ကြာ တန်သောက်ခဲ့တဲ့ဆန်ဝိုင်မှာ အယ်လ်ကိုဟော ၅၂ ရာခိုင်နှုန်းပါဝင်တယ်လို့ သိရပါတယ်။ ရှားပါးတဲ့ ဒီရောဂါက အယ်လ်ကိုဟောပမာဏ များများမှီဝဲသူ သက်လတ်ပိုင်းအရွယ်တွေမှာ အဖြစ်များပြီး ကမ္ဘာပေါ်မှာ လူနှစ်သောင်းခွဲရှိတိုင်း တစ်ယောက်ခံစားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအခါ တရုတ်ဟူနန်ဆေးရုံမှ ဒေါက်တာဇီရိုက တန်ရဲ့အဆီကျိတ်ကို ခွဲစိတ်ဖို့ ပြင်ဆင်နေပြီး မခွဲစိတ်ခင် သွေးတွင်းအောက်ဆီဂျင် ပြည့်ဝနေစေဖို့ အောက်ဆီဂျင်စက် ပေးထားတယ်လို့ သိရပါတယ်။

Ref;freedy.com

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top