Healthy Life Ad
Child

ဆေးရုံသုံး နှာခေါင်းစည်းတပ်ဆင်တဲ့အခါ (Surgical Face Mask)

– ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါဦးရှင် Face mask တပ်တာ အမှန်တပ်နည်းလေးသိချင်ပါတယ်ရှင် အချို့တွေက အတွင်းကအဖြူကို အပြင်မှာထားရမယ်ပြောကြပါတယ်ရှင့်။ အချို့တွေကတော့ အရောင်ပါတာကို အပြင်မှာတပ်ရတယ် ပြောပါတယ်ရှင်။ ပြန်လည် ဖြေကြားပေးပါဦးရှင်။

၂။ ဒွိဟဖြစ်နေလို့ပါ ဆရာရှင့်။ ပုံမှန်ချိန်ဆို ဝန်ထမ်းက နေကောင်းကျန်းမာတော့ OT, ward ထဲမှာ အဖြူက အပြင်ပဲ ထားပေးရမှာလား။

ဆေးရုံသုံး နှာခေါင်းစည်းဆိုတာ (What is a face mask)

ကူးစက်ရောဂါကာကွယ်ရေးမှာ သုံးတယ်။ dental, isolation, laser, medical, procedure နဲ့ surgical masks စသဖြင့် အမျိုးမျိုးခေါ်တယ်။ နှာခေါင်းနဲ့ ပါးစပ်ကိုဖုံးပြီး ခပ်ချောင်ချောင်တပ်ဆင်ရတယ်။ နားရွက်မှာဖြစ်ဖြစ် ခေါင်းပေါ်မှာဖြစ်ဖြစ် စည်းနှောင်ထားရတယ်။ တံဆိပ်အမျိုးမျိုးလာတယ်။ FDA အသိအမှတ်ပြုက ပိုသင့်မှန်တယ်။

ဘာအတွက်သုံးသလဲ (What is a face mask used for)

ရောဂါပိုးတွေ ပြန်နှံ့တာကို တတ်နိုင်သလောက်တားဘို့ဖြစ်တယ်။ ချောင်းဆိုး နှာချေတာထဲမှာ အလွန်သေးငယ်တဲ့ အမှုန်လေးတွေပါတယ်။ ရှူမိသူကို ကူးစက်နိုင်တယ်။ ကိုယ့်ဆီကရောဂါကို သူများဆီ၊ သူများဆီကရောဂါကို ကိုယ့်ဆီ မကူးစက်အောင် သုံးတယ်။

ဘယ်တော့သုံးရသလဲ (When should a face mask be worn)

နေမကောင်းချိန်မှာ သုံးပါ။ ဆေးရုံ၊ ဆေးခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ကူးစက်ဆောင်တွေမှာ သုံးပါ။ ချောင်းဆိုး၊ နှာချေချိန်တွေ။ အနီးအနာကလူတွေဆီ ရောဂါပိုး မရောက်စေနိုင်အောင်ဖြစ်တယ်။ ကူးစက်ရောဂါဖြစ်နေချိန်မှာ လူစုလူဝေးထဲ သွားလာချိန်မှာ သုံးပါ။

နှာခေါင်းစည်းကို ဘယ်လို ဝတ်ဆင်ရသလဲ (How to put on and remove a face mask)

တခါသုံးကို သုံးပါ။ စနစ်တကျစွန့်ပါ။ စိုထိုင်းလာရင် အသစ်လဲပါ။ ထုတ်လုပ်တဲ့ဆီက ညွှန်ကြားချက် လိုက်နာပါ။ ဝတ်ဆင်နည်း၊ ဖြုတ်နည်းနဲ့ ထားသိုနည်းတွေ လိုက်နာပါ။

နှာခေါင်းစည်းတပ်နည်း (How to put on a face mask)

လက်ကိုဆေးပါ။ ဆပ်ပြာနဲ့ ရေ။ သို့မဟုတ် hand sanitizer လက်ဆေး ဆေးရည်သုံးပါ။ ထားသိုရာကနေထုတ်ယူပါ။ အပေါက်အပြဲ ပါ မပါစစ်ပါ။ အထက် အောက် စစ်ပါ။ stiff bendable edge ခေါက်လို့ရတဲ့ ခပ်တင်တင်းနေရာက အထက်မှာ။ နှာခေါင်းပုံစံနဲ့ အံကျဖြစ်မယ်။ ရှေ့ နောက် စစ်ပါ။ အရောင်ပါတာက အများအားဖြင့် ရှေ့မျက်နှာ။ အဖြူဘက်က ကိုယ့်မျက်နှာ။

Face Mask with Ear loops အမျိုးအစား။ ear loops နေရာကနေကိုင်ပါ။ နားပတ်လည်မှာထားပါ။

Face Mask with Ties အမျိုးအစား။ နှာခေါင်းဆီယူပါ။ ties ခေါ်ချည်နှောင်ထားတာတွေကို crown of head ခေါ် နောက်စိမှာထားပါ။ တင်းအောင်ပြုပြင်ပါ။

Face Mask with Bands ကြိုးပါအမျိုးအစား။ အပေါ်ပိုင်းကနေ လက်နဲ့ကိုင်ပါ။ ကြိုးတွေကို လက်အောက်မှာ လွတ်လွတ်လပ်လပ်ရှိပါစေ။ နှာခေါင်းဆီ ယူလိုက်ပါ။ အပေါ်ကြိုးတွေကို ဦးခေါင်းနောက်စိပေါ်ချည်နှောင်ပါ။ အောက်ကြိုးကို ခေါင်းနောက်အောက်နား သို့မဟုတ် ဂုတ်မှာ အနေတော်ချည်ပါ။ နှာခေါင်းနဲ့ ပုံကျအောင် ပြင်ပါ။ မေးကို ဖုံးမိပါစေ။

နှာခေါင်းစည်း ဖြုတ်နည်း (How to remove a face mask)

လက်ကိုဆေးပါ။ ဆပ်ပြာနဲ့ ရေ။ သို့မဟုတ် hand sanitizer လက်ဆေး ဆေးရည်သုံးပါ။ ရှေ့မျက်နှာပြင်ကို လက်နဲ့ မထိမိပါစေနဲ့။ နာနေရာပိုင်းနဲ့ ကြိုးကိုသာ ကိုယ်တွယ်ပါ။

Face Mask with Ear loops အမျိုးအစား။ ear loops နေရာကနေကိုင်ပါ။ အထက်ကိုမတင်ပြီး ဖြုတ်ယူပါ။

Face Mask with Ties အမျိုးအစား။ အောက်နေရာကို အရင်ဖြုတ်ပါ။

Face Mask with Bands အမျိုးအစား။ အောက်နေရာကနေ ခေါင်းပေါ်ကို မ,တင်ပါ။

Throw the mask in the trash စွန့်စရာပုံးထဲ ထည့်ပါ။ လက်ဆေးပါ။

Most Popular

Healthy Life Ad
To Top