Healthy Life Ad
Health Tips

မှဲ့ကင်ဆာ ကုသပျောက်ကင်းထားသူ ကိုမျိုးမင်းစိုး

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၆ ခုနှစ်တွင် ကိုမျိုးမင်းစိုး၏ လည်ပင်းရှိ မှဲ့သည် သိသိသာသာ ကြီးမလာ၊ အရောင်ပြောင်းလဲမှု မရှိသော်လည်း ဘေးဘက်သို့ နည်းနည်းချင်း ပြန့်လာပြီး အင်္ကျီကော်လာနှင့် ထိတွေ့မှုကြောင့် စတင်ယားယံလာခဲ့သည်။

“အစ်ကိုကလည်း အဲဒီအချိန်မှာ အားကစားလုပ်တော့ ကြက်တောင်ရိုက်တဲ့အခါ ချွေးထွက်များပြီး ကော်လာနားမှာ ယားတာနဲ့ကုတ်မိတယ်။ အဲဒီမှာ မှဲ့လေးရဲ့ အပေါ်ယံအရေပြားက ပြဲသွားတယ်။ အရင်ကတည်းကလည်း ဒီမှဲ့က ရှိနေပေမယ့် ဘာမှမဖြစ်ဘူး။ ငွေဆောင်သွားတော့ ဟိုတယ်ကနေ ချွေးထွက်ရင်သုတ်ဖို့ လက်ကိုင်ပဝါလေးပေးတယ်။ အဲဒီလက်ကိုင်ပဝါနဲ့သုတ်တော့ မှဲ့ကိုတိုက်မိတယ်။ မှဲ့အရေပြားပြဲသွားတယ်။ သွေးထွက်လာတယ်။ အဲဒီနောက်ပိုင်းမှာ မှဲ့ကိုစပြီး သတိထားမိတယ်။ အစ်ကို့အမျိုးသမီးကလည်း “မှဲ့လေးပြဲပြီး သွေးထွက်နေတယ်၊ ဆရာဝန်သွားပြလိုက်ဦး” လို့ သတိပေးတယ်။ ဒါနဲ့ ကြာရင်တော့ မဖြစ်ဘူး။ အသက်ကြီးမှဆိုရင် ဒုက္ခပေးနေမယ်ဆိုပြီး ဆရာဝန်ဆီသွားပြဖို့ ဆုံးဖြတ်လိုက်တယ်” ဟု အသက် ၄၈ နှစ်အရွယ် ကိုမျိုးမင်းစိုးက မှဲ့ကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

မှဲ့ကင်ဆာဆိုသည်မှာ အတွေ့နည်းသော်လည်း အန္တရာယ်များလွန်းသည့် အရေပြားကင်ဆာ တစ်မျိုးဖြစ်ကြောင်း၊ ရောင်ခြယ်မှုန်ထုတ်ပေးသည့် အရေပြားဆဲလ်များတွင် စဖြစ်သော ကင်ဆာရောဂါဖြစ်ကြောင်း၊ မကုသဘဲကြာသွားလျှင် ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပြန့်သွားတတ်ကြောင်း၊ အထူးသဖြင့် အရေပြားအောက်၊ ပြန်ရည်ကျိတ်၊ အသည်း၊ အဆုတ်၊ အရိုး၊ အူလမ်းကြောင်း၊ နှလုံး၊ ပန်ကရိယ၊ ကျောက်ကပ်၊ သိုင်းရွိုက်ဂလင်းနှင့် ဦးနှောက်အထိ ပြန့်နှံ့သွားနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်ကဆိုသည်။ ကိုမျိုးမင်းစိုးကမူ နဂိုကတည်းက ကျန်းမာရေးလိုက်စားသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။ “မှဲ့လေးက သွေးထွက်နေတာနဲ့ ဆရာဝန်ဆီသွားပြီး ခွဲထုတ်လိုက်တယ်။ မှဲ့ကို မန္တလေးဆေးရုံကြီးက ခွဲစိတ်အထူးကု ဆရာဝန်ကြီးဆီမှာ သွားပြပြီး အပြင်ကမန္တလာဆေးခန်းမှာ မှဲ့ဖျက်လိုက်တာ

“Biopsy ရလဒ်အရ ကင်ဆာဆိုပြီး အဖြေထွက်တယ်။ ဆရာဝန်က “ပူစရာတော့မလိုပါဘူး။ ကင်ဆာဆဲလ်တွေ အကုန်ပါအောင် အမြစ်ကနေ ခွဲထုတ်ထားတယ်။ ဧရိယာအကြီးကြီး လှီးထားတယ်။ ဒါပေမဲ့” . . .

၁၀ မိနစ်-၁၅ မိနစ်လောက်ပဲကြာတယ်။ ဆေးစစ်တာနဲ့ဘာနဲ့ တစ်နာရီပဲကြာတယ်။ “ထုံးစံအရ Biopsy (အသားစယူ စစ်ဆေးမှုလုပ်ဖို့ ယူထားမယ်)ဆိုပြီးယူထားတယ်။ ချုပ်ရိုးဖြည်ဖို့ ရက်ချိန်းပေးလိုက်တာနဲ့ မန္တလေးကနေ မိတ္ထီလာကို ကားမောင်းပြီး ပြန်ခဲ့တယ်။ ရက်ချိန်းအတိုင်း ပြန်ပြချိန်မှာ Biopsy ရလဒ်အရ ကင်ဆာဆိုပြီး အဖြေထွက်တယ်။ ဆရာဝန်က “ပူစရာတော့မလိုပါဘူး။ ကင်ဆာဆဲလ်တွေ အကုန်ပါအောင် အမြစ်ကနေ ခွဲထုတ်ထားတယ်။ ဧရိယာအကြီးကြီး လှီးထားတယ်။ ဒါပေမဲ့ ကင်ဆာအထူးကု ဆရာဝန်ကြီးရဲ့ အကြံဉာဏ်ကိုတော့ ယူပါ” ဆိုပြီး ကင်ဆာဆောင်ကို လွှဲပေးလိုက်တယ်” ဟု ကိုမျိုးမင်းစိုးက ပြောသည်။ ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်အေးအေးနိုင်နှင့် သွားပြရန် မန္တလေးကင်ဆာဆေးကုသဆောင်သို့ သွားရောက်ခဲ့ရာ ကင်ဆာဝေဒနာရှင်မျိုးစုံကို တွေ့ရချိန်၌ ကိုမျိုးမင်းစိုးတစ်ယောက် စိတ်ဖိစီးမှုများကာ သွေးဖိအား မြင့်တက်လာခဲ့သည်။

“တစ်ခါမှ သွေးမတက်ဖူးဘဲ အဲဒီအချိန်ကျမှ သွေးတိုးတော့ ကင်ဆာအထူးကုဆရာဝန်က ကင်ဆာကြောင့် မသေနိုင်ဘူး၊ သွေးတိုးတာကြောင့် ချက်ချင်းသေနိုင်တယ်၊ ဒါကြောင့် သမားတော်နဲ့ပြရမယ်” ဆိုပြီး အကြံပေးတာနဲ့ မိတ္ထီလာကသမားတော် ဒေါက်တာမြင့်သိန်းအောင်ဆီ သွားပြရတယ်။ သွေးကျဆေးကို တစ်လလောက် စားခဲ့ရတယ်။ နဂိုက သွေးတိုးရောဂါမရှိဘူး။ ကင်ဆာဆောင်ထဲ သွားလိုက်တဲ့အချိန်မှာ စိတ်ကြောင့် ချက်ချင်းသွေးတိုးသွားတာ” နောက်ပိုင်းတွင် ဓာတ်ရောင်ခြည်ဌာနမှ ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်မိုးမိုးလှိုင်နှင့် ထပ်ပြခဲ့ရာ လိုအပ်မှ ဓာတ်ရောင်ခြည်ပေး ကုသမှုပေးမည်ဆိုပြီး မှဲ့ဖျက်ထားသည့် နေရာတဝိုက်ကို စောင့်ကြည့်ခဲ့သည်။

“တစ်လကြာတဲ့အထိ ဘာမှ အခြေအနေကထူးမလာဘူး၊ အပြောင်းအလဲမရှိဘူး။ ဒါပေမဲ့ တိကျအောင် သံလိုက်ဓာတ်မှန်(MRI)ရိုက်မယ်ဆိုပြီး ရိုက်ခိုင်းခဲ့တယ်။ အဖြေအရ ဘာမှမရှိဘူး၊ ပြန့်နှံ့မှုလည်း မရှိဘူး၊ ဒီတော့ စိုးရိမ်စရာ မလိုဘူးလို့ပြောတယ်။ ဆရာဝန်က ကြောက်စရာမလိုဘူးပြောပေမယ့် သွားပြတိုင်း ကင်ဆာဝေဒနာရှင်တွေ၊ ဆံပင်ကျွတ်တဲ့သူတွေ၊ ဆေးသွင်းတဲ့သူတွေပဲ တွေ့နေတော့ ကိုယ်ကလန့်တယ်” ဟု ကိုမျိုးမင်းစိုးက ပြောသည်။ ဒုတိယအကြိမ်ပြန်ပြပြီး သံလိုက်ဓာတ်မှန် (MRI) ရိုက်ရာတွင်လည်း အဖြေအရ ထူးခြားမှုမရှိကြောင်း သိရသည်။ မှဲ့ကင်ဆာဖြစ်လျှင် အညိုရောင်၊ အမည်းရောင် အရေပြားအဖု သို့မဟုတ် အရောင်ပြောင်းနေသော အရေပြားအဖု၊ အနာ၊ အလုံးလေးများအနေဖြင့် တွေ့နိုင်ကြောင်း၊ လက်သည်း၊ ခြေသည်းတွင်ဖြစ်လျှင် ဘေးကအရေပြား၌ပင် အမည်းရောင်ပြောင်းသွားသည်ကို တွေ့နိုင်ကြောင်း၊ အမျိုးသားများဆိုလျှင် နောက်ကျော၌ မှဲ့ကင်ဆာဖြစ်သည်ကို ပိုတွေ့ရတတ်ကြောင်း၊ အမျိုးသမီးများဆိုလျှင် ခြေထောက်၌ ပိုအဖြစ်များတတ်ကြောင်း၊ ခြေဖဝါး၊ လက်ဖဝါး၊ ခြေသည်းနှင့် လက်သည်းများတွင်လည်း တွေ့ရတတ်ကြောင်း သိရသည်။

“ခန္ဓာကိုယ်ရှိ ဒီအင်န်အေ (DNA)ကို နေရောင်ခြည်ထိတာကြောင့် ဖြစ်ရတာပါ။ ဖြစ်စေတဲ့ အကြောင်းရင်းကတော့ နေရောင်ခြည်ပဲဖြစ်ပါတယ်။ နေပူဆာလှုံသူတွေ၊ နေရောင်ထဲ တာရှည်အလုပ်လုပ်သူတွေနဲ့ နေလောင်လွယ်သူတွေမှာ အဖြစ်များပါတယ်။ နေရောင်ခြည်ထိတာများရင်၊ ကြာရင်၊ နေလောင်ရင်၊ မှဲ့များရင်၊ အသားဖြူရင်၊ မှဲ့ခြောက်များရင်၊ ဆံပင်အရောင်နုရင် (ရွှေရောင်၊ အနီရောင်)၊ မျက်လုံးအရောင်ဖျော့ရင်၊ မိသားစုထဲမှာ မှဲ့ကင်ဆာဖြစ်သူရှိရင်၊ မှဲ့ကင်ဆာဖြစ်ဖူးရင်၊ ကိုယ်ခံစွမ်းအားနည်းရင် (ဥပမာ AIDS) ၊ သွေးရောဂါရှိရင်၊ အသက် ၃၀ ကျော်ရင်၊ မွေးရာပါ နေရောင်မခံနိုင်တဲ့ ရောဂါရှိရင် ပိုဖြစ်တတ်ပါတယ်။ အမျိုးသားတွေက ပိုဖြစ်တတ်ပါတယ်။

မှဲ့ကင်ဆာအန္တရာယ်များတဲ့သူတွေက အသားဖြူတဲ့သူ၊ နေလောင်မခံနိုင်သူ၊ မှဲ့ခြောက်ရှိသူ၊ ဆံပင်အနီရွှေရောင်ရှိသူတွေ၊ တစ်ကိုယ်လုံးမှာ မှဲ့အရေအတွက် ၅၀ ထက် ပိုရှိသူတွေ၊ မှဲ့ပြောင်းလဲသူတွေနဲ့ ပုံမှန်မဟုတ်တဲ့ မှဲ့ရှိသူတွေ သတိထားရပါမယ်။ မိသားစု၊ ဆွေမျိုးမှာ မှဲ့ကင်ဆာဖြစ်ဖူးတဲ့သူတွေလည်း အထူးသတိထားသင့်ပါတယ်” ဟု အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်ကလည်း ပြောပြခဲ့သည်။ မှဲ့ကင်ဆာအစောပိုင်းအဆင့်တွင် သိရှိကာ ခွဲထုတ်ခဲ့သည့် ကိုမျိုးမင်းစိုး၏ ခွဲထုတ်ထားသည့် မှဲ့တဝိုက် အရေပြားမှာ ထူးခြားမှုမရှိသဖြင့် ဆရာဝန်က ရက်ခြားပြီးပြန်ပြရန် ချိန်းဆိုခဲ့သည်။ “နောက်ပိုင်းမှာတော့ ပြန်ပြခိုင်းတဲ့အချိန်က ခြားခြားသွားပါတယ်။ အရေပြားကင်ဆာက မြန်မာနိုင်ငံမှာရှားတယ်။ အဲဒီအထဲမှာမှ မှဲ့ကင်ဆာက ပိုရှားတယ်လို့ ဆရာဝန်က ပြောတယ်။ မှဲ့ကင်ဆာထဲမှာတောင် အစ်ကိုဖြစ်တဲ့အခြေအနေက ဆေးဝါးစရိတ်ကြီးတယ်လို့ပြောတယ်။ မှဲ့ကို နဂိုမူလခွဲထုတ်ပေးတဲ့ ဆရာဝန်က စင်အောင်ခွဲပေးတယ်ဆိုရင်

“အခုတော့ ပုံမှန်အတိုင်း အစားအသောက်တွေကို စားသောက်နေထိုင်နေပါတယ်။ မှဲ့ကင်ဆာဖြစ်လည်း ကြောက်စရာ၊ စိုးရိမ်စရာမလိုပါဘူး။ အစ်ကို့လိုမျိုး မှဲ့ကအရေပြားပြဲတာ၊ သွေးထွက်တာတွေဖြစ်လာရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပြပြီး ခွဲထုတ်လိုက်ပါ။ ဒါဆိုရင် နောက်ဆက်တွဲ ဘာပြဿနာမှမရှိဘဲ ကျန်းမာနေပါလိမ့်မယ်” . . .

ဘာမှ ပြဿနာမရှိဘူးလို့ ပြောတယ်။

အဲဒါနဲ့ မူလပြထားတဲ့ ခွဲစိတ်ဆရာဝန်ကြီးဆီကို ပြန်ပြလိုက်တော့ ဆရာဝန်ကလည်း သေချာခွဲထုတ်ပေးခဲ့တယ်၊ တခြားနေရာတွေအထိ လှီးထုတ်ထားတယ်လို့ ပြောတယ်” ကိုမျိုးမင်းစိုးသည် သူ့ရောဂါကို စိတ်ချသေချာမှုရှိစေရန် ဘန်ကောက်ရှိ ဘမ်ရွန်ဂရက်ဆေးရုံကို သွားရောက်၍ အသားစယူစစ်ဆေးမှု ထပ်မံပြုလုပ်ခဲ့ရာ မှဲ့ကင်ဆာဟုပင် အဖြေထွက်ကြောင်း သိရသည်။ “မြန်မာပြည်ပြန်ပြီး စောင့်ကြည့်ချင်လည်းကြည့် ဒါမှမဟုတ် ဆေးထိုးပြီး ကင်ဆာဆဲလ်ပြန့်သလား ကြည့်ချင်လည်းကြည့်၊ ဆဲလ်ပြန့်နေရင် လှီးထုတ်လို့ရတယ်လို့ပြောတယ်။ စစ်လိုက်တော့ ဘာမှမရှိတာနဲ့ စိတ်အေးလက်အေး ဖြစ်သွားပါတယ်” ဟု ကိုမျိုးမင်းစိုးက ပြောသည်။ ကင်ဆာဟု သိရသည့်အတွက် စိတ်ဖိစီးမှုကြောင့်ဖြစ်သော သွေးတိုးခြင်းကလည်း ပြန်လည်သက်သာသွားပြီဖြစ်ကာ မူလကတည်းက အခြားမည်သည့်ရောဂါဝေဒနာမှ မရှိသော ကိုမျိုးမင်းစိုးအတွက် ယခုအခါ လူကောင်းပကတိအတိုင်း နေထိုင်သွားလာ စားသောက်နေနိုင်ပြီဖြစ်သည်။

“ကင်ဆာမျိုးရိုးလည်း မရှိပါဘူး။ အဘိုးအဘွားတွေကလည်း အသက် ၉၀ ကျော်အထိ အသက်ရှည်တဲ့သူတွေ ကျန်းမာတုန်း။ အခုတော့ ပုံမှန်အတိုင်း အစားအသောက်တွေကို စားသောက်နေထိုင်နေပါတယ်။ မှဲ့ကင်ဆာဖြစ်လည်း ကြောက်စရာ၊ စိုးရိမ်စရာမလိုပါဘူး။ အစ်ကို့လိုမျိုး မှဲ့ကအရေပြားပြဲတာ၊ သွေးထွက်တာတွေဖြစ်လာရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပြပြီး ခွဲထုတ်လိုက်ပါ။ ဒါဆိုရင် နောက်ဆက်တွဲ ဘာပြဿနာမှ မရှိဘဲ ကျန်းမာနေပါလိမ့်မယ်” ဟု ကိုမျိုးမင်းစိုးကသူ၏အတွေ့အကြုံကို အခြေခံ၍ ပြောပြခဲ့သည်။

အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်ကလည်း-“မှဲ့ကင်ဆာမဖြစ်အောင် မှဲ့ကိုစစ်ဆေးရပါမယ်။ ကိုယ့်ဘာသာစစ်ဆေးသင့်သလို တစ်လတစ်ခါလောက် တတ်ကျွမ်းနားလည်တဲ့သူနဲ့ အရေပြားကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမယ်။ နေရောင်ပြင်းထန်တဲ့အချိန်ကို ရှောင်ရပါမယ်။ အပြင်ထွက်ရင် နေရောင်ကာခရင်မ်ကို သုံးရပါမယ်။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား နေပူကို ရှောင်ရပါမယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ရပါမယ်။ နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းရမယ်၊ ထီးဆောင်းရပါမယ် . မှဲ့ကင်ဆာမဖြစ်အောင် မှဲ့ကို မိမိဘာသာ စစ်ဆေးသင့်သလို တစ်လတစ်ခါလောက် တတ်ကျွမ်းနားလည်တဲ့သူနဲ့ အရေပြားကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမယ်။ ဆေးလိပ်လျှော့သောက်သင့်ပါတယ်။ အရေပြားပြောင်းလဲတာကို အထူးစစ်ဆေးရပါမယ်။ စောစောသိလို့ စောစောကုသရင် သက်သာပျောက်ကင်းတာကို သိစေချင်ပါတယ်။

မှဲ့ခြောက်၊ မွေးရာပါအမှတ်၊ မှဲ့စတာတွေ ပြောင်းလဲတဲ့အခါ၊ အမည်းရောင်အစက် ဒါမှမဟုတ် မှဲ့အသစ်တွေ အများကြီးထွက်လာတဲ့အခါ ဆေးရုံ၊ ဆေးခန်းပြသင့်နေပါပြီ။ မှဲ့ကင်ဆာလို့ သံသယရှိလာရင် အသားစယူ စစ်ဆေးရပါမယ်။ မှဲ့တစ်ခုလုံးခွဲထုတ်ရပါမယ်။ စောစောသိ၊ စောစောခွဲစိတ်တဲ့နည်းနဲ့ ကုသရင် ပျောက်ပါတယ်။ တခြားကုသနည်းတွေက ကိုယ်ခံစွမ်းအားနဲ့ဆိုင်တဲ့ ဆေးတွေနဲ့ ကုသတာ၊ ဓာတ်ရောင်ခြည်နဲ့ကုသတာ၊ ကင်ဆာဆေးသွင်းကုသတာ၊ ပေါင်းစပ်ကုသတာဆိုပြီး နည်းတွေရှိပါတယ်” ဟု အများပြည်သူများသို့ အသိပညာဗဟုသုတများ ဖြန့်ဝေပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ကိုမျိုးမင်းစိုး၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top