Healthy Life Ad
Health Tips

ချစ်ခြင်းမေတ္တာကို အားကောင်းစေမည့် အစာများ

ကိုထက်

ဟောလိဝုဒ်မင်းသမီး ကက်သရင်းဇီတာဂျုံးဟာ အသက် ၆၀ကျော်တဲ့ မိုက်ကယ်ဒေါက်ကလပ်နဲ့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ သူတို့ရဲ့အစားအသောက်တွေကို ဟင်းနုနယ်ရွက်၊ ကညွတ်၊ ထောပတ်သီး၊ တိရစ္ဆာန်အသည်း စတဲ့ချစ်ခြင်းမေတ္တာကို အားကောင်းစေတဲ့ အစားအစာတွေကို ပါဝင်အောင် ထည့်သွင်းလေ့ရှိပါတယ်။ မှန်ကန်တဲ့အစားအသောက်တွေကိုစားပေးတာကြောင့် ချစ်စိတ်ကို အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးဆော့စ်အနှစ်

ခရမ်းချဉ်သီးစားမြိန်ရည်(အနှစ်)နဲ့ အသားစဉ်းလုံးတွေကို ရောပြီးချက်ပေးတာက အမျိုးသားတွေအတွက် ကျန်းမာရေးကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ်ကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး အသားလုံးတွေမှာ ဇင့်(သွပ်)ဓာတ်အပြည့်ပါဝင်တာကြောင့် ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ကာ မျိုးအောင်နိုင်စွမ်းကို တိုးစေပါတယ်။

လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

ဗီတာမင်စီချို့တဲ့ရင် သုက်ကောင်တွေကို အားနည်းစေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဗီတာမင်စီများစွာပါဝင်တဲ့ လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။

သစ်သီး

စပျစ်သီးကို စားပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဗာဒံစေ့

ဗီတာမင်အီးပါဝင်တဲ့ ဗာဒံစေ့တွေက သုက်ကောင်တွေကို ကျန်းမာစေပါတယ်။

ပဲပုပ်စေ့

ပဲပုပ်စေ့ဟာ အမျိုးသမီးတွေမှာ အီစရိုဂျင် Receptors ကို လှုံ့ဆော်ပေးနိုင်တာကြောင့် သွေးဆုံးချိန်ဝေဒနာတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်များ

ဟင်းခတ်အမွှေးအကြိုင်တွေကလည်း ချစ်ရေးချစ်ရာမှာ အားပေးကူညီနိုင်ပါတယ်။ ငရုတ်ကောင်း၊ ငရုတ်သီးစတာတွေကို စားပေးတာက အန်ဒေါ်ဖင်အထွက်တိုးစေပြီး နာ့ဗ်အစွန်အဖျား (Nerve Endings)ကို လှုံ့ဆော်မှုပေးနိုင်ပါတယ်။ ချင်း(ဂျင်း)ဟာ မျိုးပွားအင်္ဂါတွေဆီကို သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေတာကြောင့် ကြည်နူးမှုကို တိုးမြင့်စေပါတယ်။

အိုမီဂါ ၃ နှင့် ၆ ပါသော အဆီ

အိုမီဂါ ၃နဲ့ ၆ အဆီတွေပါဝင်တဲ့ သံလွင်ဆီ၊ ဆယ်လ်မွန်ငါးနဲ့ အခွံမာသီးတို့ဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒီအစာတွေက ဆွဲဆောင်ညှို့ယူနိုင်စွမ်းကို ကောင်းမွန်စေပြီး စွမ်းဆောင်နိုင်စွမ်းကို အားကောင်းစေပါတယ်။

သတိပြုရန်

လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခန္ဓာကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိပြီး အိမ်ထောင်မှုဘဝကိုလည်း သာယာစေပါတယ်။

Most Popular

Healthy Life Ad
To Top