Healthy Life Ad
Q & A

ကလေးမွေးပြီးချိန် မိခင်တို့ မှီဝဲသင့်သည့် အာဟာရ

Q. ကလေးနို့တိုက်တဲ့အချိန် ဘာတွေစားသင့်ပါလဲ ဆရာမ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ကလေးနို့တိုက်တဲ့အချိန်ဆိုရင် မိခင်တွေအနေနဲ့ အာဟာရပြည့်ဝအောင် ပိုမိုစားသောက်ရပါမယ်။ ကိုယ်ဝန်ရှိတုန်းက စားတိုင်း ကယ်လိုရီထက် ၅၀ဝ ယူနစ် ထပ်ဆောင်း စားသောက်ရမှာဖြစ်ပါတယ်။ မိခင်လောင်းတွေအတွက် စူပါအစားအစာ ၁၂ မျိုး ရှိပါတယ်။

(၁) ဆယ်လမွန်ငါး

(၂) အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း

(၃) အမဲသား

(၄) ပဲမျိုးစုံ

“ကလေးမွေးပြီးချိန်မှာ မိခင်တွေက ဝမ်းချုပ်မယ်၊ ပင်ပန်းနွမ်းနယ်မယ်၊ သွေးအားနည်းမယ်၊ အစာမကြေဘဲ လေများနေတတ်တယ်၊ ကိုယ်အလေးချိန် ကျတတ်တယ်။ ဝမ်းချုပ်မယ်ဆိုရင် လမ်းများများ လျှောက်ပေးပါ။ အမျှင်ဓာတ်ပါတဲ့အစာတွေ များများစားပြီး တစ်နေ့ကို ရေ ၂-၃ လီတာ သောက်ဖို့လိုပါတယ်” . . .

(၅) ဘယ်ရီသီး

(၆) ဆန်လုံးညို

(၇) လိမ္မော်သီး

(၈) ကြက်ဥ

(၉) ပေါင်မုန့်ကြမ်း

(၁၀) စိမ်းစိုသော ဟင်းသီးဟင်းရွက်

(၁၁) Cereal ကွေကာ

(၁၂) ရေတို့ဖြစ်ပါတယ်။

ဒီထဲမှာခြွင်းချက်အနေနဲ့က ဘယ်ရီသီးပါ။ လေးဖက်နာရောဂါရှိတဲ့ မိခင်တွေကတော့ ဘယ်ရီသီးကို ရှောင်ရပါမယ်။ ယူရစ်အက်ဆစ်(Uric Acid) တက်နေရင် စားလို့မရပါဘူး။ ပိုဆိုးတတ်ပါတယ်။ နို့တိုက်တဲ့ မိခင်တွေအနေနဲ့ ဒီဖော်ပြထားတဲ့ အစာတွေကို အနည်းဆုံး ခြောက်ပတ်လောက် စားသင့်ပါတယ်။

Q. ကလေးမွေးပြီးချိန်မှာ မိခင်တွေခံစားရတတ်တဲ့ လက္ခဏာတွေနဲ့ ဖြေရှင်းနည်းတွေကိုလည်း ပြောပြပေးပါ ဆရာမ။

A. ကလေးမွေးပြီးချိန်မှာ မိခင်တွေက ဝမ်းချုပ်မယ်၊ ပင်ပန်းနွမ်းနယ်မယ်၊ သွေးအားနည်းမယ်၊ အစာမကြေဘဲ လေများနေတတ်တယ်၊ ကိုယ်အလေးချိန် ကျတတ်တယ်။ ဝမ်းချုပ်မယ်ဆိုရင် လမ်းများများ လျှောက်ပေးပါ။ အမျှင်ဓာတ်ပါတဲ့အစာတွေ များများစားပြီး တစ်နေ့ကို ရေ ၂-၃ လီတာသောက်ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ဝမ်းနုတ်ဆေးလုံးဝမသောက်ဘဲ မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်တို့သောက်ပါ။ ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် အိပ်ရေးဝ၀အိပ်ဖြစ်အောင်အိပ်ပြီး ကလေးအိပ်ရင် အမေပါလိုက်အိပ်လို့ရပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပေးပါ။ ကြက်ဥအနှစ်ကို တစ်နေ့ ၃-၄ လုံးစားပေးပါ။ သွေးအားနည်းတဲ့အခါ သွေးဖိအားတိုးအောင် အားပေးတဲ့အစာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။

ဗီတာမင်စီများများပါတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ သတိပြုရမှာက ကယ်လ်ဆီယမ်ပါတဲ့ သံဓာတ်အားဖြည့်ဆေးတွေကို မသောက်သင့်ပါဘူး။ သံဓာတ်အားဖြည့်ဆေးသောက်တာက သောက်လို့ရပါတယ်။ တချို့သံဓာတ်အားဖြည့်ဆေးတွေကတော့ တခြားဓာတ်တွေလည်း ပါတတ်တာကြောင့် ကယ်လ်ဆီယမ်ပါရင် မသောက်ဘဲ တခြားဟာ ရွေးသောက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Drug Interaction ကြောင့်ပါ။ ဆေးတွေအချင်းချင်း ဓာတ်ပြုပြီး အာနိသင်ပျက်ကုန်မှာ စိုးလို့ပါ။ အစာမကြေလေပွရင်တော့ ဗီတာမင်စီပါတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပြီး လမ်းများများ လျှောက်ပေးပါ။ ကိုယ်အလေးချိန်ကျနေရင် တစ်နေ့ကိုအနည်းဆုံး ၇ ကြိမ်အစာစားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top