Healthy Life Ad
Q & A

အသည်းရောဂါရှိသူ အစာစားတဲ့အခါ . . .

Q. အသည်းရောဂါရှိသူတွေက အစာကို မြန်မြန်စားလို့ရပါသလား။

ဦးအောင်ခင်၊ ကျောက်တံတား။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ပြန်လည်ဖြေကြားပေးပါသည်။

A. အသည်းရောဂါ ခံစားနေရတဲ့သူတွေက အစာကို မချေနိုင်ကြတာများတာကြောင့် အစာမြန်မြန်စားပြီး ဒီအတိုင်းမျိုချတာမျိုးမလုပ်ဘဲ၊ ကြေညက်အောင် ဝါးစားပေးသင့်ပါတယ်။ ကြာကြာဝါးလေ အစာခြေရည်ထွက်နှုန်းများတာကြောင့် အစာပိုကြေစေတဲ့အတွက် ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင် အစာမကြေဘဲ ရောဂါအခြေအနေ ပိုဆိုးလာတတ်ပါတယ်။ အစာတွေစားပြီးတဲ့အချိန်မှာလည်း ခဏတဖြုတ် လှဲလျောင်းနေသင့်ပါတယ်။ အသည်းရောဂါ ခံစားနေရတဲ့လူနာက တကယ်လို့ စိတ်တိုနေတဲ့အချိန်ဖြစ်နေရင် အစာမကျွေးသင့်ပါဘူး။ စိတ်တိုနေတဲ့အခါ အသည်းကအင်ဇိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် အစာမကြေတာတွေ ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top