Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးရောဂါကို ဘယ်လိုကာကွယ်သလဲ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့လေ့လာမှုအရ နှလုံးရောဂါဟာ အမေရိကန်နိုင်ငံမှာ သေဆုံးမှုနှုန်း အများဆုံးအကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှလုံးရောဂါအန္တရာယ်မှ ကာကွယ်နိုင်အောင် လေ့ကျင့်ခန်းလုပ်ပေးသင့်တာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိပြီး နှလုံးရောဂါကို ကာကွယ်မှုပေးနိုင်တယ်ဆိုတာ သိစေဖို့ အကြံပြုလိုက်ပါတယ်။

(၁) သွေးလွှတ်ကြော ပွင့်စေခြင်း

သွေးလွှတ်ကြောတွေက ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ပို့ဆောင်နေတဲ့ သွေးတွေအတွက် လမ်းကြောင်းတွေပါပဲ။ သွေးလွှတ်ကြောတွေက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းရှိပါတယ်။ သွေးတွေဝင်လာတဲ့အချိန်မှာ သွေးကြောတွေက ကျယ်သွားပြီး ထွက်သွားချိန်မှာ အနားရပါတယ်။ သွေးလွှတ်ကြောတွေမှာ သွေးခဲဖတ်တွေပိတ်ဆို့နေရင် သွေးသွားလာမှုက ကျဉ်းသွားတာကြောင့် သွေးနဲ့အောက်ဆီဂျင်လည်ပတ်မှု နည်းသွားပါတယ်။ အဲဒီအခါ သွေးကြောကျဉ်းပြီး သွေးလှည့်ပတ်မှုမကောင်းတော့ပါဘူး။ လေ့ကျင့်ခန်းလုပ်ပေးရင် နှလုံး<ကက်သားက သန်စွမ်းလာပြီး နှလုံးကနေ ခန္ဓာကိုယ်ဆီကို သွေးနဲ့အောက်ဆီဂျင် အလုံအလောက် ရောက်ရှိပါလိမ့်မယ်။

(၂) ဆံချည်မျှင်သွေးကြော အရေအတွက်များစေခြင်း

ဆံချည်မျှင်သွေးကြောတွေဟာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေက သွေးတွေကိုသယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ဖြန့်ဝေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းကို လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောတွေရဲ့ အရေအတွက်ကို တိုးလာစေပါတယ်။ ဆံချည်မျှင်သွေးကြောတွေ များလေလေ နှလုံးဟာခန္ဓာကိုယ်အနှံ့ သွေးပို့ဆောင်ဖို့ အလုပ်ပြင်းပြင်းထန်ထန် လုပ်စရာမလိုတော့လေလေပါပဲ။

(၃) ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်စေခြင်း

ကိုယ်အလေးချိန်များတာက နှလုံးရောဂါဖြစ်စေတဲ့ အဓိကအန္တရာယ်တစ်ခုဖြစ်ပါတယ်။ အဝလွန်တဲ့သူတွေက သွေးတွင်းမကောင်းတဲ့ အဆီကိုမြင့်တက်စေလို့ပါ။ သွေးတွင်းမကောင်းတဲ့ အဆီမြင့်တက်တာက နှလုံးရောဂါဖြစ်နိုင်ခြေ များစေပါ တယ်။ လမ်းခပ်သွက်သွက် လျှောက်တာ၊ ပြေးတာ၊ ရေကူးတာနဲ့ စက်ဘီးစီးတာတွေလို လေ့ကျင့်ခန်းတွေက ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ကျဖို့အတွက် စားသုံးရယူတဲ့ ကယ်လိုရီထက်ပိုပြီး ကယ်လိုရီလောင်ကျွမ်းဖို့ အရေးကြီးပါတယ်။

(၄) သွေးဖိအား လျော့ကျခြင်း

သွေးပေါင်တက်တာက နှလုံးဟာ လိုအပ်တာထက်ပိုပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်နေရကြောင်း ဖော်ပြရာရောက်ပါတယ်။ နှလုံးအပေါ် ဖိအားအပိုသက်ရောက်တာက ပြင်းထန်တဲ့ အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။ နှလုံးဟာလည်း <ကက်သားတစ်ခုပဲဖြစ်တာကြောင့် ခန္ဓာကိုယ်က တခြား<ကက်သားတွေလိုပဲ လေ့ကျင့်ခန်းလုပ်ပေးမှ သန်စွမ်းမှုရှိမှာဖြစ်ပါတယ်။ နှလုံးက သန်စွမ်းကျန်းမာမှသာ သွေးတွေကို ပိုမိုညှစ်ထုတ်နိုင်မှာပါ။ တချို့လူနာတွေက လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် ဆေးသောက်စရာမလိုဘဲ သွေးဖိအားလျှော့ချနိုင်ပါတယ်။

(၅) သွေးတွင်းကိုလက်စထရော လျော့ကျခြင်း

လေ့ကျင့်ခန်းလုပ်တာဟာ သွေးထဲကအဆီတွေကို ဖယ်ရှားပေးတဲ့ အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေကြောင်း တက်ဆက်နှလုံးတက္ကသိုလ်မှ လေ့လာသူတွေက ယုံကြည်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top