Healthy Life Ad
Health Tips

အန်ခြင်းအတွက် ရှေးဦးကုထုံးများ

အန်တယ်ဆိုတာ အရက်အလွန်အမင်း သောက်တာ၊ အဆိပ်သင့်တဲ့ အစားအသောက်တွေကို စားသောက် မိတာ စတဲ့ အစာအဆိပ်သင့်မှုတွေကြောင့် အန်တတ်ပါတယ်။ ဒီလို အန်တာကြောင့်ဗိုက်အောင့်ပြီး နာမကျန်းဖြစ်တဲ့ ခံစားမှုကို ရရှိစေပါတယ်။ ဒါကြောင့် အန်နေတဲ့သူကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

-အန်နေတဲ့သူကို လှဲလျောင်းတဲ့အနေအထားမှာ နေခိုင်းပြီး ဘယ်ဘက်ကို စောင်းထားခိုင်းပါ။ ဒါဆိုရင် ဆို့နင့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

-လူနာကို ဖျော်ရည်၊ သံပုရာရည်၊ ဓာတ်ဆားရည်စတဲ့ အရည်များများတိုက်ပါ။

-ကာဗွန်ထည့်ထားတဲ့ အရည်၊ အယ်လ်ကိုဟောနဲ့ ကဖင်းပါတဲ့ အရည်တွေကို ရှောင်ပါ။

-အန်တာရပ်သွားပြီး နာရီပိုင်းအတွင်းမှာ အစာတွေကို ကျွေးပါ။

-လူနာက ဗိုက်ဆာနေရင် စွပ်ပြုတ် ဒါမှမဟုတ ်အစာပျော့ပျော့ကျွေးနိုင်ပါတယ်။

– အစာအိမ်ဝေဒနာ မသက်သာသေးသရွေ့ အစာမာမာတွေကို မကျွေးပါနဲ့။

-လူနာက ၂၄နာရီကျော်ကြာတဲ့အထိ ဆက်တိုက် အန်နေရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

-အသက် ၆လအောက် ကလေးငယ်တွေအနေနဲ့ အချိန် ၆နာရီထက်ပိုပြီးအန်နေရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ အထူးသဖြင့် အန်တာနဲ့ အတူ ဝမ်းလျှောတာ၊ ဖျားတာ၊ သွေးထွက်တာနဲ့ ရေဓာတ်ခမ်းခြောက်တာတွေဖြစ်ခဲ့ရင်

ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ဒီလက္ခဏာတွေက ရက်အနည်းငယ်အတွင်း သက်သာသွားပေမယ့် အဆက်မပြတ် အန်နေတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top