Healthy Life Ad
Child

ဆယ်ကျော်သက်အရွယ် စတီးရွိုက်သုံးစွဲပါက ဖြစ်တတ်သည့် နောက်ဆက်တွဲအခြေအနေများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဆယ်ကျော်သက်အများစုဟာ လူလုပ်ဟော်မုန်းလို့ တင်စားကြတဲ့ စတီးရွိုက်တွေကို ရှောင်ရှားသင့်ပါတယ်။ စတီးရွိုက်ဆေးတွေဟာ ကြွက်သားဖြစ်စဉ်ယိုယွင်းမှုကို ဟန့်တားပေးတာကြောင့် လူငယ်တွေ၊ အထူးသဖြင့် အားကစားသမားတွေ သုံးချင်ကြပါတယ်။ စတီးရွိုက်ဆေးရဲ့ ဖြစ်လာနိုင်တဲ့ဆိုးကျိုးကို မသိဘဲ သုံးလေ့ ရှိကြတာပါ။
ကလိဗ်လန်းအားကစားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုအရ ရှစ်တန်းကျောင်းသား ၁ ဒသမ ၂ရာခိုင်နှုန်း၊ ၁၀ တန်းကျောင်းသား ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၂ တန်းကျောင်းသား ၁ ဒသ မ ၈ ရာခိုင်နှုန်းတို့ဟာ စတီးရွိုက်တချို့အမျိုးအစားတွေကို စမ်းသပ် သုံးစွဲပြီးဖြစ်ကြောင်း သိရပါတယ်။

စတီးရွိုက်ဆေးသုံးတဲ့သူက ဆယ်ကျော်သက် ဖြစ်တယ်ဆိုရင် အောက်ပါအချက်သုံးရပ်ကို အ ကြံပြုထားပါတယ်။

-ရှင်းပြပါ – စတီးရွိုက်ဆေးသုံးစွဲတာကြောင့် ယာယီသက်လုံကောင်းမွန်မှုရှိနိုင်ပေမယ့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆယ်ကျော်သက်လူငယ်သိအောင် ရှင်းပြရပါမယ်။

– မသုံးရန် တိုက်တွန်းပါ – စတီးရွိုက်ဆေး သုံးစွဲဖူးသူတွေဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာတွေအကြောင်း သေချာရှင်းပြပြီး မသုံးဖို့ တိုက်တွန်းပါ။

– စိတ်ရှည်ပါ – ဆူပူငေါက်ငမ်းမှုမပြုဘဲ စိတ်ရှည်ရှည်ထားပြီး စတီးရွိုက်ဆေးရဲ့ဆိုးကျိုးကို နားဝင်အောင် ပြောပါ။

စတီးရွိုက်သုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ

-ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းထွက်ရှိမှုကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးဆဲ လူငယ် အားကစားသမားတွေမှာ ထိခိုက်နိုင်ခြေ များပါတယ်။

-သွးတိုးတာ၊ ရေဆွဲအားများတာ၊ ကိုယ်အလေးချိန်တက်တာနဲ့ ဝက်ခြံပေါက်တာတို့ ဖြစ်တတ်ပါတယ်။ စတီးရွိုက်သုံးစွဲမှုကို ရပ်လိုက်မှသာ ဒီပြဿနာတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုရပ်တန့်သွားပါတယ်။ စတီးရွိုက်ဆေးကို အဆက်မပြတ်သုံးစွဲမှုကြောင့် လူငယ်၊လူရွယ် တွေမှာ ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်ကာ တခြားပြင်းထန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ

ဖြစ်စေနိုင် ပါတယ်။

-ကိုယ်ခံစွမ်းအား လျော့ကျသွားပါတယ်။ စတီးရွိုက်ဆေးသုံးစွဲသူတွေဟာ မကြာခဏ ဖျားနာ တတ်ပါတယ်။

-မျက်နှာက ပြည့်ဖောင်းလာပါတယ်။ ဒူးဆစ်တွေ နာတတ်ပါတယ်။

– နောက်ဆက်တွဲ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။ စတီးရွိုက်ဆေး သုံးစွဲသူတွေဟာ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ အရွယ်မတိုင်မီသေဆုံးမှုတို့ ဖြစ်နိုင်ခြေများပါတယ်။

– တက်ကြွမှုလွန်ကဲတဲ့ အပြုအမူတွေနဲ့ စိတ်လှုပ်ရှားမှုတွေဖြစ်တတ်ပါတယ်။ ဒီစိတ်ခံစားမှုအခြေ အနေတွေကြောင့် အကြမ်းဖက်တာမျိုး ဖြစ် တတ်ပါတယ်။

– ဆေးစွဲပြီး စိတ်ဓာတ်ကျဝေဒနာရတတ်ပါတယ်။ စတီးရွိုက်ဆေးကို ရေရှည်သုံးစွဲပြီး မသုံးရမနေ နိုင်စွဲလမ်းလာကာ စိတ်ကျဝေဒနာ ရတတ်ပါတယ်။

– လူငယ်အမျိုးသားတွေမှာ သုက်ကောင်အရေအတွက်လျော့ကျတာ၊ ရင်သားဖွံ့ဖြိုးမှု အားနည်းတာ၊ ဝှေးစေ့ကျုံ့တာ၊ ထိပ်ပြောင်တာနဲ့ ဆီးကျိတ်ကင်ဆာ အန္တရာယ်များတာတို့ ဖြစ်နိုင်ပါတယ်။

– မိန်းကလေးတွေမှာ ရာသီလာစဉ် ဝေဒနာရတာ၊ ရင်သားတစ်သျှူးဆုံးရှုံးတာ၊ မျက်နှာအမွှေးအမှင် ထူထဲတာ၊ အသံအောတာတို့ ဖြစ်တတ်ပါတယ်။

သင့်မိသားစုထဲက ဆယ်ကျော်သက်လူငယ၊်လူရွယ်တွေဟာ စတီးရွိုက်သုံးစွဲနေတယ်ဆိုရင် ဖြစ်လာ နိုင်တဲ့ အန္တရာယ်တွေကို သေချာရှင်းပြပေးဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top