Healthy Life Ad
Health Tips

သင့်မီးဖိုချောင်ထဲတွင် ရှိသင့်သည့် ကျန်းမာရေးအကျိုးပြုပစ္စည်းများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ထည့်သင့်တဲ့ ကျန်းမာရေးအကျိုးပြုပစ္စည်းတွေကို သင့်မီးဖိုချောင် ထဲမှာ အဆင်သင ့်ထည့်ထားသင့်ပါတယ်။

– ရှလကာရည်
ဟင်းရွက်သုပ်တဲ့အခါ ထည့်ရတဲ့ အရည်နဲ့ အသားတွေအရသာရှိအောင်သုံးတဲ့ စားမြိန်ရည်တွေအစား ရှလကာရည်ကို သုံးနိုင်ပါတယ်။ ရှလကာရည်ဟာ သဘာဝအဆီကို တွန်းလှန်ပေးတဲ့ အစွမ်းရှိကြောင်း စိုက်ပျိုး ရေးနဲ့ အစားအစာဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
– နနွင်း
နနွင်းဟာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ဘက်တီးရီးယားကို ဟန့်တားပေးနိုင်စွမ်းရှိတာကြောင့် ဟင်းလျာတွေထဲမှာ ထည့်ချက်သင့်ပါတယ်။

– ပဲအမျိုးမျိုး
ထမင်းနဲ့ ပဲကို ရောစားရင် ပရိုတင်းဓာတ် ကိုရရှိစေပါတယ်။ ပဲစားတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးဟာ သွေးပေါင်ကျတာနဲ့ သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျတာတို့ဖြစ်ပါတယ်။ အစာခြေစနစ်ကိုလည်း ထိန်းညှိပေးပါတယ်။

– သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်မှုန့်ကို စွယ်စုံရ ပါဝင်ပစ္စည်းလို့ဆိုကြပါတယ်။ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ် ထည့်တာကြောင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီး မှတ်ဉာဏ်ကောင်းစေကာ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။
– ရေနွေးကြမ်း
လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းဟာ ရေဓာတ်ပြည့်ဝစေပြီး ကိုယ်ခံစွမ်းအားကို တိုးစေကာ ကင်ဆာဆန့်ကျင်တဲ့ အစွမ်းရှိပါတယ်။

– အခွံမာသော အစေ့အဆန်
အခွံမာသီးကိုသရေစာအဖြစ် ဒါမှမဟုတ် ဟင်းရွက်သုပ်ထဲမှာဖြူးပြီးပဲဖြစ်ဖြစ် ထည့်စားရင် သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းတဲ့အန္တရာယ်ကို လျော့ကျစေသလို သွေးတွင်းကိုလက်စထရောကိုလည်း လျော့နည်းစေပါတယ်။

– ပျားရည်
ကျန်းမာရေးနဲ့ အလှအပအတွက် ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ ပျားရည်ကို သုံးနိုင်ပါတယ်။ လေ့လာမှုအရ ပျားရည်ဟာ ဝက်ခြံကို ကုသနိုင်သလို အစာကြေစေကာ ခြင်ကိုက်လို့ ဖြစ်တဲ့အနာတွေကို သက်သာစေပါတယ်။

– ဂျုံစေ့
ဂျုံစေ့မှာ ဖောလစ်အက်စစ်အများအပြား ပါဝင်တာကြောင့် ဂျုံစေ့နဲ့လုပ်ထားတဲ့ အစာတွေကို စားသင့်ပါတယ်။

– ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်မှာ ပိုတက်စီယမ်ဓာတ်များစွာပါဝင်တာကြောင့် ကျန်းမာစေရုံသာမက အပြစ်အနာအဆာရှိတဲ့ အသားအရေ ကို ကြည်လင်လှပစေပါတယ်။

– ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ဓာတ်မတည့်မှုတွေကို တွန်းလှန်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ် ကို သန်စွမ်းကျန်းမာစေပါတယ်။

– သံလွင်ဆီ
ဆံပင်သား ကျန်းမာသန်စွမ်းရေးအတွက် အရေးပါတဲ့ သံလွင်ဆီဟာ မီးဖိုချောင်ထဲမှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သံလွင်ဆီမှာ မိုနိုမပြည့်ဝဖက်တီးအက်စစ် ပါဝင်တာကြောင့် သွေးတွင်းကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top