Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ကလေးရဖို့ ဘယ်အချိန်တွေမှာ ဘာစားသောက်သင့်သလဲ

စူး (ဆေးဝါးတက္ကသိုလ်)

လူအများစုက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို သိနားလည်ပေမယ့် ကိုယ်ဝန်ဆောင် ချိန်အတွင်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ ပြောင်းလဲလာတာကြောင့် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထပ်တိုးပြီး လိုအပ်လာပါတယ်။ ကိုယ်ဝန် ဒုတိယသုံးလနဲ့ တတိယသုံးလအတွင်း ခန္ဓာကိုယ်က နေ့စဉ် ကယ်လိုရီ ၃၀ဝနဲ့ ၅၀ဝ ကြား ပိုမိုလိုအပ်လာသလို တချို့အာဟာရဓာတ်တွေလည်း လိုအပ်ချက် ပိုများ လာပါတယ်။

– ကိုယ်ဝန်အစောပိုင်းကာလ
ကိုယ်ဝန်အစောပိုင်းကာလအတွင်း သင်နဲ့သင့်ရင်သွေးအတွက် အထူးအာဟာရလိုအပ်ချက်တွေ ရှိပါတယ်။ အထူးသဖြင့် ဖောလစ်အက်စစ်ပါ။ ဖောလစ်အက်စစ်ပါဝင်မှုများတဲ့ အစားအသောက်တွေက သန္ဓေသားမှာ ကျောရိုးမကြီး ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားတာက မဂ္ဂနီဆီယမ် ပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ဝန်အစောပိုင်း ပျို့အန်ချင်စိတ်ဖြစ်တာကို သက်သာစေပါတယ်။
-အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ပန်းဂေါ်ဖီစိမ်း၊ ဥအမျိုးမျိုး၊ ပဲသီး

-ကိုယ်ဝန် ၄ ပတ်မှ ၁၂ ပတ်အထိ
ကိုယ်ဝန် ၆ပတ်လောက်ရှိလာချိန်မှာ ကလေးရဲ့ သွေးနီဥက စတင်ဖြစ်ပေါ်လာပြီး နှလုံးက စတင်ခုန် လာပါတယ်။ ဒီအဆင့်မှာ သံဓာတ်ပါဝင်မှုများတဲ့ အောက်ပါအစားအသောက်တွေကို များများစားပြီး ဗီတာမင်စီပါဝင်မှုများတဲ့ လိမ္မော်ရည်လို သစ်သီးဖျော်ရည်တွေကို တွဲသောက်သင့်ပါတယ်။
-နို့နှင့်နို့ထွက်ပစ္စည်း
ဥအမျိုးမျိုး၊ အသား၊ ပင်လယ်စာ
ကိုယ်ဝန်ပထမသုံးလပတ်မှာ ကလေးရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် ပိုမြန်မြန် ဖွံ့ဖြိုးနေပါတယ်။ အိုမီဂါ ၃ ဖက်တီး အက်စစ်နဲ့ DHA ပါတဲ့ အောက်ပါ အစားအသောက် တွေကို စားပေးရင် ဒီဖြစ်စဉ်ကို အားပေးပါတယ်။
မက်ကရယ်ငါး ၊ဆာဒင်းငါး၊ EPA နဲ့ DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေး

– ကိုယ်ဝန် ၁၃ ပတ်မှ ၂၈ ပတ်အထိ
ဒီအဆင့်က ကလေးငယ်ဖွံ့ဖြိုးမှုမြန်ဆန်နေတဲ့ အဆင့်ဖြစ်ပြီး မျက်စိဖွံ့ဖြိုးမှုအတွက် ဘီတာကယ်ရိုတင်းပါတဲ့ အောက်ပါအစားအသောက်တေ ွလိုအပ်နေပါတယ်။
မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနယ်ရွက်၊ မက်ကရယ်ငါး၊ ဆာဒင်းငါး
ကလေးအရိုးဖွံ့ဖြိုးသန်စွမ်းစေမည့် ကယ်လ်ဆီယမ်ပါဝင်သော အစားအသောက်များ
နွားနို့၊ ဒိန်ချဉ်၊ တိုဟူး၊ ဒိန်ခဲ၊ ဆာဒင်းငါး
ကယ်လ်ဆီယမ်စုပ်ယူမှု အားကောင်းစေမည့် ဗီတာမင်ဒီပါသော အစာများ
ဆာဒင်းငါး၊ ဟာအင်းငါး၊ အားဖြည့်နွားနို့
ဒီအင်န်အေလုပ်ငန်းဆောင်တာ ကောင်းစေမည့် ဇင့် (သွပ်)ဓာတ်ပါသော အစာများ
ပုဇွန်၊ ပဲသီး၊ အခွံမာအစေ့အဆန်၊ ကောက်နှံတစ်ခုလုံးအစာ၊ နို့နှင့် နို့ထွက်ပစ္စည်းများ

– ကိုယ်ဝန် ၂၉ ပတ်မှ ၄၀ ပတ်အထိ
ကိုယ်ဝန်ရင့်လာချိန်မှာ အောက်ပါအစားအသောက်တွေကိုမဖြစ်မနေ ထည့်စားသင့်နေပါပြီ။
သွေးခဲဖြစ်စဉ်ကို ကူညီပေးမည့်
ဗီတာမင်ကေပါသော အစားအသောက်များ
ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ အစိမ်းရောင် ဆလတ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်
ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ပါသော အစားအသောက်များ
နွားနို့၊ ဒိန်ခဲ၊ ပဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီး
အဆုတ်ကျန်းမာစေရန် ဆီလီနီယမ်ပါသော အစာများ
အခွံမာအစေ့အဆန်၊ ဥအမျိုးမျိုး၊ ဆန်လုံးညို

– ကလေးမွေးပြီးချိန်တွင်
ကလေးမွေးပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ မိခင်နို့ကနေ ကလေးဆီကို အာဟာရဓာတ်တွေ ရောက်ရှိမှာဖြစ်လို့ ကလေးမွေးပြီးချိန်မှာလည်း အာဟာရပြည့်ပြည့်ဝ၀ ရအောင် စားသင့်ပါတယ်။

ရောင်ရမ်းမှု လျော့ကျစေမည့် ကြေးနီဓာတ်
နှမ်းစေ့၊ သီဟိုဠ်စေ့
ဘီတာကယ်ရိုတင်းက ကလေးရဲ့ မျက်စိဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။ ဘီတာကယ်ရိုတင်း ပါတဲ့ အောက်ပါအစားအသောက်တွေကို စားရင် မိခင်နို့ကနေ ကောင်းကျိုးတွေကို ရရှိစေပါတယ်။
မုန်လာဥနီ၊ ကန်စွန်းဥ

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top