Healthy Life Ad
Life Style

အလုပ်လုပ်တဲ့မိခင်ရဲ့ ကလေးတွေက ဘာကြောင့်ပိုပျော်ရွှင်သူတွေ ဖြစ်လာကြတာလဲ

အလုပ်လုပ်တဲ့ မိခင်တွေက သူတို့ကလေးတွေကို ချစ်ခြင်းမေတ္တာ၊ ကြင်နာခြင်းနဲ့ ဂရုစိုက်မှုအပြည့်အဝ မပေးနိုင်မှာကို စိုးရိမ်ပူပင်မှုတွေ ဖြစ်တတ်ကြပါတယ်။ သတင်းကောင်းအနေနဲ့ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားသမီးတွေက အိမ်မှာအချိန်ပြည့်နေတဲ့ မိခင်တွေရဲ့ သားသမီးတွေထက် အရွယ်ရောက်ချိန်မှာ ပိုပျော်ရွှင်ပြီး ပိုအောင်မြင်မှုရရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။
သားတွေနဲ့သမီးတွေဟာ အလုပ်လုပ်တဲ့ မိခင်ဆီက ရရှိတဲ့ ကောင်းကျိုးတွေရှိလို့ဖြစ်တယ်ဆိုတာကို လေ့လာသူ တွေက အောက်ပါအချက်တွေနဲ့ ပြောပြထားပါတယ်။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ ကလေးတွေကသူတို့နဲ့ သက်တူရွယ်တူတွေထက် စိတ်ဖိစီးမှုကိုပိုမိုလျှော့ချ နိုင်တယ်

အလုပ်လုပ်တဲ့ မိခင်အများစု တွေ့ကြုံရတာ တွေကို ဥပမာပြောရမယ်ဆိုရင် မနက်ခင်းမှာ ကလေးက အမေကို ပွေ့ဖက်ထားချင်တယ်၊ အမေနဲ့ အတူကစားချင်တယ် . .ဒါပေမဲ့ အမေက ကလေးကို နှုတ်ဆက်အနမ်းနဲ့ မထားချင် ထားချင် ထားခဲ့ပြီး အလုပ်ကို သွားခဲ့ရတယ်။ မိခင်ရဲ့ စိတ်ထဲမှာ အပြစ် ရှိသလိုလို၊ လူမှုရေး မကျေပွန်သလိုလို၊ မိခင်ကောင်း မဟုတ်သလိုလို အတွေးတွေနဲ့ ဝမ်းနည်းနေတတ်ပါတယ်။
ပါမောက္ခကက်သလင်းရဲ့ လေ့လာမှုတစ်ခုအရ အလုပ်လုပ်တဲ့ မိခင်တွေဟာ သူတို့သားသမီးတွေရဲ့ ပျော်ရွှင်မှုကို တကယ်မထိခိုက်စေဘူးလို့ သိရပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားနဲ့သမီးတွေက ကလေးဘဝမှာ ပျော်ရွှင်သလိုပဲ အရွယ်ရောက်လာချိန်မှာလည်း ပျော်ရွှင်ကြပါတယ်။
နိုင်ငံပေါင်း ၂၉ နိုင်ငံက အမျိုးသားနဲ့ အမျိုးသမီးဦးရေ တစ်သိန်းကျော်ကို လေ့လာခဲ့တဲ့အခါ အလုပ်လုပ်တဲ့ မိခင်တွေဟာ အပြစ်ရှိသလိုလို ခံစားနေကြရပေမယ့် သူတို့ကလေးတွေက စိတ်ဖိစီးမှုကို ရင်ဆိုင်နိုင်ပြီး ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပိုစွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီးတွေက သူတို့အလုပ်မှာပိုအောင်မြင်ပြီး ပိုကောင်းတဲ့လစာရရှိကြတယ်

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီးတွေက အိမ် နေမိခင်တွေရဲ့သမီးတွေထက် အရွယ်ရောက်လို့ အ လုပ်လုပ်ချိန်မှာတစ်နှစ်တာဝင်ငွေပိုများပြီး ပိုကောင်း တဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ခြေပိုများ တယ်လို့ ကက်သလင်းရဲ့စစ်တမ်းအရ သိရပါတယ်။ အလုပ်လုပ်တဲ့မိခင်တွေရဲ့ အတွေ့အကြုံက သူ့ဘဝ အတွေ့အကြုံ၊ အလုပ်အကိုင်၊ စွမ်းဆောင်မှုတွေနဲ့ပူး ပေါင်းပြီး သူတို့သမီးတွေကို အောင်မြင်တဲ့ အလုပ်အ ကိုင်ရအောင် ပြုစုပျိုးထောင်ပေးတတ်လို့ပါပဲ။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားတွေက သူတို့မိသားစုကို ပြုစုစောင့်ရှောက် လိုစိတ်ပိုရှိတယ်

မိခင်အလုပ်လုပ်တဲ့အခါ ဖခင်ဖြစ်သူတွေကလည်း အိမ်အလုပ်တွေကို ကူလုပ်ပေးရတာကြောင့် သားတွေက အိမ်အလုပ်ဆိုတာ သူတို့လည်း လုပ်ရမယ်လို့ သိနားလည်စိတ် ပိုရှိလာတယ်လို့ဆိုပါ တယ်။ လေ့လာမှုအရ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားတွေက သူတို့ဇနီးတွေကို ကူညီတာနဲ့ မိသားစုဝင်တွေကို စောင့်ရှောက်တာတို့နဲ့ တစ်ပတ်မှာ မိနစ် ၅၀ ခန့် အချိန်ပိုပေးတတ်တယ်လို့ သိရပါတယ်။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သားတွေနဲ့သမီးတွေ က သူတို့မိသားစုဘဝနဲ့ လူမှုဘဝမှာစာနာညှာတာစိတ် ပိုရှိတတ်တယ်

မိဘနှစ်ပါးစလုံးက အလုပ်လုပ်တဲ့ မိသားစုဘဝမှာ ကြီးပြင်းလာတဲ့ သားတွေက အလုပ်လုပ်တဲ့ ဇနီး သည်ကို ရွေးချယ်တတ်ပြီး လုပ်ငန်းခွင်မှာ အမျိုးသ မီးတွေကို တန်းတူညီမျှ နေရာပေးတတ်တယ်လို့ လေ့လာမှုအရသိရပါတယ်။ သမီးတွေဆိုရင်လည်း အလုပ်လုပ်ရတဲ့အတွက် သူတို့ ကလေးတွေအပေါ် အပြစ်ရှိသလို ခံစားချက်မျိုး မရှိဘဲ မိခင်ဘဝနဲ့ လုပ် ငန်းခွင်ဘဝကို ဟန်ချက်ညီအောင် လုပ်ဆောင်နိုင် တယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top