Healthy Life Ad
Life Style

မျှော်လင့်ချက်….

စူး (ဆေးဝါးတက္ကသိုလ်)

တစ်နှစ်အကြာက ကျွန်တော့်ချစ်သူ ကားတိုက်ခံခဲ့ရပါတယ်။ သူ့ခါးကျိုးသွားပြီး စိတ်ဓာတ် အကြီးအကျယ်ကျသွားတဲ့အတွက် သူ့အနေနဲ့ နောက်တစ်ခါ လမ်းပြန်လျှောက်နိုင်ဖို့ မလွယ်ဘူးလို့ ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်း ထိခိုက်သွားတဲ့ ချစ်သူ့အတွက် စောင့်ရှောက်မှုပေးဖို့ အများကြီး လိုအပ်ခဲ့ပါတယ်။
နှစ်လလောက်ကြာတော့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူက ကျွန်တော့်အတွက် စိတ်ကျေ နပ ် ပျော်ရွှင်ကြည်နူးမှုပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တခြားအမျိုးသမီးတွေနဲ့ တွေ့ကြည့်ပြီး ချစ်သူအဖြစ်လက်တွဲဖို့နဲ့ လက်ထပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်က သူ့ကို အရင်ကတည်းက အကြိမ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့တာကို သူငြင်းဆန်ခဲ့ပြီး အခုတစ်ကြိမ်မှာ တခြားမိန်းကလေးနဲ့ တွဲဖို့သာ ပြောခဲ့တာပါ။
ကျွန်တော်ကလည်း သူနဲ့သာ လက်ထပ်ချင်တဲ့အကြောင်း၊ တစ်ကမ္ဘာလုံးရှိရှိသမျှ မိန်းကလေးတွေထဲက သူ့ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပြီး ဖြစ်ကြောင်းရှင်းပြခဲ့တဲ့အခါ သူက ဘီးတပ်ကုလားထိုင်နဲ့ လက်ထပ် ချင်စိတ်မရှိကြောင်း ငြင်းဆန်ခဲ့ပြန်ပါတယ်။
“ဒါဆိုရင် မင်းလမ်းလျှောက်နိုင်တဲ့နေ့အထိ ကိုယ်စောင့်မယ်”
သုံးရက်လောက်အကြာက ကျွန်တော် သူ့ တွက် မနက်စာပြင်ဆင်ချက်ပြုတ်နေချိန်မှာ အိပ်ခန်းတံခါး ဖွင့်တဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတယ်။ ကျွန်တော်ပြေးကြည့်လိုက်တော့ ကျွန်တော်ရဲ့ ချစ်လှစွာသော ချစ်သူက သူ့ခြေထောက်ပေါ် ရပ်ပြီး ဖြည်းဖြည်းချင်း ခြေလှမ်းတစ်လှမ်းချင်း လျှောက်နေလေရဲ့။
အခုတော့ ကျွန်တော်တို့ နောက်လမှာ လက်ထပ်ဖို့ စီစဉ်နေပါပြီ။
ကျွန်တော့်ဇာတ်လမ်းလေးကနေ မိတ်ဆွေတွေကို ပြောပြချင်တာက ဘယ်တော့မှ မျှော်လင့်ချက်ကို အဆုံးရှုံးမခံဖို့နဲ့ ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးကို ဘယ်သောအခါမှ လျှော့မတွက်ဖို့ မျှဝေပေး လိုက်ပါတယ်ဗျာ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top