Healthy Life Ad
Health Tips

ရေနွေးကြမ်းသောက်တာနဲ့ ပတ်သက်ပြီး ရှောင်သင့်တဲ့ အခြေအနေ ( ၅ )ရပ်

စူး (ဆေးဝါးတက္ကသိုလ်)

လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို တစ်နေ့ တစ်ခွက် လောက်တော့ ပုံမှန်သောက်သင့်ပါတယ်။ ရေနွေးကြမ်းသောက်တာကြောင့် ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေပေမယ့် ရေနွေးကြမ်းမသောက်သင့်တဲ့ အခြေအနေလေးတွေလည်း ရှိနေတာကို သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

(၁)အစာစားပြီးချက်ချင်းသောက်ခြင်း
လက်ဖက်ခြောက်ခတ်ပြီး နှပ်ထားတဲ့ ရေနွေးကြမ်းကို ထမင်းစားပြီး ချက်ချင်းမသောက်သင့်ပါဘူး။ အဲဒီလို ချက် ချင်းသောက်လိုက်ရင် အစာကြေညက်မှုကိုဟန့်တားစေပြီး ခန္ဓာကိုယ်ဟာ အစားအသောက်ထဲကနေ အာဟာရဓာတ် အားလုံးရရှိမှုကို ပိတ်ပင်တတ်လို့ပါပဲ။
အစာစားပြီး အနည်းဆုံး အချိန်တစ်နာရီကြာမှ ရေနွေးကြမ်းသောက်သင့်တယ်လို့ ကျွမ်းကျင်သူတွေကဆို ပါတယ်။ အစာမကြေဖြစ်နေရင် ချင်း (ဂျင်း) ခတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးသင့်ပါတယ်။

(၂) ဆေးနဲ့ တွဲသောက်ခြင်း
ရေနွေးကြမ်းက စားတဲ့ အစာတွေ ကနေ အာဟာရစုပ်ယူရရှိမှုမဖြစ်အောင် ဟန့်တားပေးတဲ့အပြင် ဆေးနဲ့တွဲသောက်ရင် ဆေးရဲ့အာနိသင်ကိုပါ ပျက်ပြယ်စေပါတယ်။ ဆေးသောက်တဲ့အခါ ရေ နဲ့ တွဲသောက် တာက အကောင်းဆုံးပါ။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးဆိုရင် နွားနို့နဲ့ တွဲမသောက်ပါနဲ့။ ဆေးအာနိသင် ပျက်ပြယ်စေလို့ပါပဲ။

(၃) အစာမစားမီ သောက်ခြင်း
အစာမစားခင် တစ်နာရီအလိုမှာ ရေနွေးကြမ်း သောက်တာကို ရှောင်သင့်ပါတယ်။ အာဟာရပါဝင်မှုအများ ဆုံးအစာတွေကိုစားပေမယ့် ရေနွေးကြမ်းက အာဟာရစုပ်ယူမှု မကောင်းတာကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်အ လေးချိန် ပေါင်အပိုလျော့ကျအောင် ကြိုးစားနေသူတွေအတွက် ထမင်းမစားခင် ရေနွေးကြမ်းသောက်ရင် အစာစားချင်စိတ ်လျော့ကျစေတာကို တွေ့ရပါတယ်။

(၄) ပူလွန်း၊ အေးလွန်းချိန် သောက်ခြင်း
ရေနွေးကြမ်းကို ပူလွန်းတဲ့အချိန်နဲ့ အေးစက်နေချိန်တွေမှာ မသောက်သင့်ပါဘူး။ ဓာတ်ဘူးထဲမှာ ထည့်ထားပြီး ငှဲ့ကာ အနေတော်အချိန်မှာ သောက်ပေးပါ။

(၅) ပြင်းအားများချိန် သောက်ခြင်း
ရေနွေးကြမ်းကြိုက်သူတွေက လက်ဖက်ခြောက်ခပ်များများထည့်ပြီး နှပ်ထားတဲ့ ခပ်ပြင်းပြင်း ရေနွေးကြမ်း ကိုသောက်ရတာ သဘောကျတတ်ပါတယ်။ ရေနွေးကြမ်းထဲပါတဲ့ ကဖင်းပမာဏက ကော်ဖီထဲပါတဲ့ ကဖင်းပမာဏ ထက်နည်းပေမယ့် ပြင်းအားခပ်များများဖြစ်အောင် နှပ်ထားရင် ကဖင်းဓာတ် ပမာဏက တိုးသွားပါတယ်။ အဲဒီအခါ ညဘက်သောက်မိရင် အိပ်မပျော်တာမျိုးတောင် ဖြစ်တတ်ပါတယ်။

(၆) တစ်ရက်နှပ်ပြီးမှ သောက်ခြင်း
ညသိပ်ရေနွေးလို့ တချို့က ဆိုပါတယ်။ အဲဒီလို ညသိပ်ရေနွေးမှာ အင်တီအောက်ဆီးဒင့်တွေ ဆုံးရှုံးသွားတာ ကြောင့် မသောက်သင့်ပါဘူး။ အခုနှပ်ပြီး မကြာခင် သောက်တာက အရသာအရှိဆုံးနဲ့ အာနိသင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top