Healthy Life Ad
Health Tips

ငါးများများစားခြင်းက ပင်စင်ယူသည့်အရွယ်တွင် နာမကျန်းဖြစ်နိုင်ခြေကို လေးပုံတစ်ပုံ လျော့ကျစေနိုင်

ကိုထက်

အဆီများတဲ့ ငါးဟင်းများများစားတာက အငြိမ်းစားယူတဲ့အရွယ်မှာ နာမကျန်းမှုဖြစ်နိုင်ခြေကို လေးပုံတစ်ပုံ လျော့ကျစေတယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။
သွေးတွင်း အိုမီဂါ ၃ ဖက်တီးအက်စစ်အဆီများသူ ပင်စင်စား ၂၅၀ဝကျော်ကို လေ့လာခဲ့တဲ့အခါ သူတို့က သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အစရှိတဲ့ သက်ကြီးနာမကျန်းမှုဝေဒနာ ဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းငါး တို့လို ပင်လယ်စာမှာတွေ့ရတဲ့ မရှိမဖြစ် ဖက်တီး အက်စစ်က ဦးနှောက်၊ နှလုံးနဲ့ အမြင်အာရုံကို ကောင်းမွန်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်က သွေးဖိအား၊ နှလုံးခုန်နှုန်းနဲ့ ရောင်ရမ်းမှု တွေကို ထိန်းညှိပေးတာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။
အသက်ကြီးတဲ့လူဦးရေ မြင့်မားလာပေမယ့် နာတာရှည်ရောဂါ မဖြစ်ဖို့ဆိုရင် အဆီများတဲ့ ငါးကို များများစားပေးသင့်တယ်လို့ လေ့လာမှုမှာ ပါဝင်သူ ဒေါက်တာဟင်ဒီက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top