Healthy Life Ad
Health Tips

ကမ္ဘာတစ်ဝန်းရှိ အတုယူဖွယ်ရာ စားသောက်နည်း အလေ့အကျင့်များ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နေ့စဉ် စားသောက်တဲ့ အစာ၊ စားသောက်ပုံအစရှိတဲ့ စားသောက်နည်း အလေ့အကျင့်တွေက ကျန်းမာရေး အပေါ် သိသာတဲ့ သက်ရောက်မှုရှိပါတယ်။ အဝလွန်သူများတဲ့ နိုင်ငံကို သွားရောက်နေထိုင်သူတွေ ကိုယ်အလေးချိန် မြင့်တက်လာတာကလည်း ဒီသဘောပဲဖြစ်ပါတယ်။ အခုအခါမှာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်သွယ်လာတာကြောင့် တချို့စားသောက်နည်း အလေ့အထနဲ့ အစားအသောက်တွေက ပျံ့နှံ့လာပါတယ်။ အဲဒီအထဲက ကျန်းမာရေးအတွက် အတုယူသင့်တာတွေရှိသလို ရှောင်သင့်တာတွေလည်း ရှိပါတယ်။

အမေရိကန်လူမျိုးထက် ပိုမို လျော့ကျလာတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ကျန်းမာတဲ့ စား သောက်မှုဖြစ်စေဖို့ အလွန်အာရုံစိုက် အလေးထားတဲ့အတွက် အစားအသောက် စားသုံးရာမှာ စိတ် ကျေနပ်မှုတော့ နည်းနေတတ်ကြပါတယ်။ အဲ့ဒါကြောင့် ကျန်းမာရေးတွက် ကောင်းတဲ့ ဒိန်ချဉ်တွေ စားနေရမယ့်အစား ကျန်းမာရေးအတွက် သိပ်မကောင်းပေမယ့် သင်စားချင်စိတ်ရှိနေတဲ့ ချောက လက် အနည်းငယ်ကိုစားတာကြောင့် ကျန်းမာရေးကို ပိုကောင်းစေပါတယ်။
ဆင်ခြင်ရန် – စားချင်စိတ်ရှိနေတာကိုပဲ နေ့တိုင်း၊ အချိန်တိုင်းစားနေပြန်လို့တော့ မဖြစ်ပါဘူး။ အစာ သွပ်မုန့်တွေနဲ့ ထောပတ်အများအပြားပါတဲ့ မုန့်တွေဟာ ကာဗိုဟိုက်ဒရိတ်၊ သကြားနဲ့အဆီဓာတ် များ စွာပါဝင်ပါတယ်။ ဒါတွေက ကျန်းမာရေးကို ဘယ်လိုမှမကောင်းစေပါဘူး။ ဒါကြောင့် ဂျုံနဲ့လုပ်ထားတဲ့ မုန့်နဲ့ဒိန်ချဉ်လို အစားအစာတွေကိုလည်း မကြာခဏ စားသုံးပေးဖို့လိုအပ်ပါလိမ့်မယ်။

အီသီရိုးပီးယား
အတုယူထိုက်သော အလေ့အထ
– အင်ဂျာယာလို့ ခေါ်တဲ့ အီသီရိုးပီးယားရိုးရာမုန့်ကို ဂျုံမှုန့်နဲ့ ပြုလုပ် ထားပြီး အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ပရိုတင်း များစွာပါဝင်ပါတယ်။ အီသီရိုးပီးယားဟာ သစ်ဥသစ်ဖုတွေ၊ ပဲစေ့၊ ပဲနီလေး အစရှိတာတွေကို အဓိကအစားအစား အနေနဲ့စားပြီး နို့ထွက်ပစည်းတွေနဲ့ အသားတွေကို အနည်းအကျဉ်း သာစားပါတယ်။ အင်ဂျာယာမုန့်ကို ကိုယ့်ဘာသာ လုပ်စားတာဖြစ်ဖြစ်၊ တက်ဖ် ဂျုံစေ့ကို ချက်ပြီး ထမင်း အစားထိုးစားတာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
ဆင်ခြင်ရန် – အီသီရိုးပီးယားမှာ အားလုံး မိသားစု ပုံစံစားသုံးကြပြီး ပန်းကန်အကြီးထဲ အစာစုထည့် ထားပြီးအတူတူစားကြပါတယ်။ ကိုယ်ဘယ်လောက် စားလိုက်သလဲဆိုတာကို သိရှိနိုင်ဖို့ သီးသန့်ကိုယ့် ပန်းကန်နဲ့ကိုယ်ထည့်ပြီး စားတာက သင့်တော်မယ့် ပမာဏကိုစားနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယ
အတုယူထိုက်သော အလေ့အထ
– ဟင်းခတ်အမွှေးကြိုင်သုံးပါ။ အိန္ဒိယဓလေ့အရ ဟင်းခတ်အမွှေး အကြိုင်သုံးတာကြောင့် အရသာလည်းပိုရှိ၊ အရောင် အသွေးလည်း ပိုလှပြီး ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိတာကိုတွေ့ရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ချင်းတို့၊ ငရုတ်ကောင်းတို့ဟာ ကို လက်စထရောကိုကျစေပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို မကြာခဏစားပေးရင် သွေးတွင်း အဆီဓာတ် ကိုကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ဆင်ခြင်ရန် – အနှစ်များတဲ့ ဆော့စ်တွေကိုတော့ အသုံးမပြုဖို့ ပြောချင်ပါတယ်။ ပြည့်ဝဆီတွေပါနေတဲ့ ဒိန်ခဲတွေနဲ့ အုန်းနို့ တွေကိုလည်း ရှောင်သင့်ပါတယ်။ ဒါတွေက အဆီကိုများစေပြီး ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ တခြားဆော့စ်တွေအစား ခရမ်း ချဉ်သီးနဲ့ပြုလုပ်ထားတဲ့ စားမြိန်ရည်တွေကိုပဲ သုံး ပေးသင့်ပါတယ်။

မက္ကဆီကို
အတုယူထိုက်သော အလေ့အထ
– နေ့လယ်စာကို တန်ဖိုးထား စားသုံးပါ။ မက္ကဆီကိုလူမျိုးတွေက နေ့ လယ်စာကို တစ်နေ့တာရဲ့ အကြီးမားဆုံးအစာအဖြစ် စားလေ့ရှိပါတယ်။ ညဘက်မှာများများစားရင် ကိုယ် အလေးချိန် မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုတွေ က ဆိုပါတယ်။ ဒါကြောင့် နေ့လယ်စာအနေနဲ့ အာ ဟာရတန်ဖိုးမြင့်မားတဲ့ အစာကို စားတာကြောင့် ညပိုင်းမှာ အစာကို အလွန်အကြူးမစားဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။
ဆင်ခြင်ရန် – ပဲတွေကို ကြော်လှော်စားတာ ရှောင်ပါ။ ပဲတွေမှာ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင် မှုမြင့်မားပေမယ့် ဆီနဲ့ ကြော်လိုက်ရင် ကယ်လိုရီ ပမာဏ သိသိသာသာ မြင့်တက်သွားပါတယ်။

အီတလီ
အတုယူထိုက်သော အလေ့အထ
– ညစာမစားခင် ဝိုင်တစ်ဖန်ခွက်သောက်တာပဲ ဖြစ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးတွေ တစ်နေ့ ဝိုင်တစ်ဖန်ခွက်၊ အမျိုးသားတွေ တစ်နေ့ဝိုင်နှစ်ဖန်ခွက် သောက်တာ ကြောင့် သက်ရှည် စေပြီး နှလုံးသွေးကြောရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။
ဆင်ခြင်ရန် – ခေါက်ဆွဲများများပါတဲ့ အစာဟာ နှလုံးသွေးကြောရောဂါဖြစ်နှုန်းကို တိုးစေသလ ိုသွေးတွငး်
ဂလူးကို့စ် အဆင့်ကို မြင့်တက်စေပါတယ်။

ဂရိ
အတုယူထိုက်သော အလေ့အထ
– အစာပမာဏကို ထိန်းချုပ်စားသောက်တာပဲ ဖြစ်ပါတယ်။ မြေထဲပင် လယ်ဒေသအစာမှာ သံလွင်ဆီ၊ ဒိန်ခဲနဲ့ အသားတို့ ပါဝင်ပေမယ့် ကယ်လိုရီပမာဏက အသင့်အတင့်ပဲ ရှိပါတယ်။ မြေထဲပင်လယ်ဒေသအစာမှာ သစ်သီးဝလံ၊ ကောက်နှံစာနဲ့ ပဲအမျိုးမျိုး အဓိကပါပြီး အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းပမာဏက နည်းပါတယ်။
ဆင်ခြင်ရန် – ဝက်ပေါင်ခြောက် ဘာဂါ လို ပြည့်ဝဆီ ပါဝင်မှုများတဲ့ အစာကို ရှောင်သင့်ပါတယ်။

ဆွီဒင်
အတုယူထိုက်သော အလေ့အထ
– ရိုင်းဂျုံ(ျွပန)က ိုစားပါ။ ဆွီဒင်လူမျိုးတွေရဲ့ ရိုးရာအစာက ရိုင်းဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ပဲ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့အပြင် အမျှင်ဓာတ်ပါဝင် တာကြောင့် အာဟာရတန်ဖိုး မြင့်မားပါတယ်။
ဆင်ခြင်ရန်
ဖ – သွေးတိုးနေရင် ဆိုဒီယမ် ပါဝင်မှုများ တဲ့ အစာကိုရှောင်ပါ။ ဆွီဒင်လူမျိုးတွေ စားတဲ့ ကျပ်တင်ထားတဲ့ ဆယ်လ်မွန်ငါးမှာ ဆားပါဝင်မှု အလွန်များပါတယ်။

အမေရိကန်ပြည်ထောင်စု
အတုယူထိုက်သော အလေ့အထ
– ဆန်ဖရန်စစ္စကို လူမျိုးတွေက ဒေသထွက် သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေကို အဓိက စားပါတယ်။ ဒီအစာတွေက တခြားဒေသထွက်သစ်သီးဝလံတွေထက် ပိုးသတ်ဆေး ပိုနည်းပြီး အာဟာရတန်ဖိုး ပိုများပါတယ်။
ဆင်ခြင်ရန် – ဓာတုပစ္စည်းတွေကိုရှောင်ပါ။ အမေရိကန်အဆင်သင့်စာ တချို့မှာ ဓာတုပစ္စည်း ပါဝင်တာ ကြောင့် အညွှန်းကို သေချာဖတ်ပြီးမှစားသုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top