Healthy Life Ad
Local

နာတာရှည်(အလာဂျီ)နှင့် သန်ကောင်( Allergy and Worm)

ဒေါက်တာတင့်ဆွေ ဖြေကြားသည်။

မေး- Allergic ဖြစ်နေတာ ၂ နှစ်လောက်ရှိပါပြီ။ အရက်ဘီယာသောက်ရင်၊ ငါး၊ ပုစွန်၊ ခရမ်းသီး စားရင် ဖြစ်ပါတယ်။ မနက် အိပ်ရာထနဲ့ ညအိပ်ခါနီးမှာ အဖြစ်များပါတယ်။ ထမင်းအချိန်မှန် မစား ရင်လည်း ဖြစ်ပါ တယ်။ တစ်ခါတလေ လက်ဖျံကြွက်သားမှာ အကောင် လေး တိုးသွားသလို ခံစား ရပါတယ်။ ဝမ်းသွားရင် ဝမ်းထဲမှာ အဖြူလုံးလေးတွေ ပါပါလာတတ်ပါတယ်။ သေသေချာချာ ရေဆေး ကြည့်တော့ အဖြူလုံးလေး ရဲ့ထိပ်မှာ ချိတ်လိုပုံစံလေး ပါတာတွေ့ရပါတယ်။ ကျွန်တော် Allergic ဖြစ်တာ သန်ကောင်ကြောင့်လို့ ထင်ပြီး သံကျဆေး Mebendazole 500mg တစ်ပတ်တစ်လုံး
တစ်လတိတိ သောက်တဲ့အခါ Allergic ဖြစ်တာ နည်းနည်းလျော့သလို ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းပြန်ဖြစ်တာပါပဲ။ Allergic ဖြစ်ရင် Cetirizine hydrochloride သောက်နေ ပါတယ်။
ဆေးသောက်ပြီး နာရီဝက်နေရင် သက်သာပါတယ်။ ဖြစ်တဲ့အချိန်ဆို လူကြားသူကြားမသွားရဲပါဘူး။ ဟိုကုတ် ဒီကုတ်နဲ့ အဆင်မပြေပါဘူး။ ဒီရောဂါကြောင့် စိတ်ညစ်နေရပါတယ်။

Allergic (အလာဂျီ) ဖြစ်တယ်ဆိုတာ လူ့ခန္ဓာကိုယ်ကနေ သူနဲ့မသင့်တာတခု ဝင်လာတဲ့အခါ ပြင်း ပြင်းထန်ထန် တုံ့ပြန်လို့ ဆက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေပါ။ ခန္ခာကိုယ်ကနေ ရှင်းထုတ်ဖို့ ကြိုးစားမှုတခု ဖြစ်ပါတယ်။ (အလာဂျီ) အမျိုးမျိုးထဲမှာ ထူးခြားတာတွေက Nasal allergies နှာခေါင်းမှာ ဖြစ်တာနဲ့ Chronic allergies နာတာရှည် ဖြစ်တာတွေပါ။ နာတာရှည်က ပိုဆိုးတယ်။ သူတို့မှာ နှာခေါင်းမှာပါ
ဖြစ်နေတတ်တယ်။ တခါတလေ မတည့်တာကနေ စေ့ဆော် လို့ မဟုတ်ဘဲလဲ ဖြစ်တတ်တယ်။ ဥပမာ လေအေးတာ၊ လေခြောက်သွေ့တာ၊ မီးခိုး စသဖြင့်တွေ တကယ်မတည့်တတ်တာတွေက ဖုန်၊ မှို၊ ပန်းဝတ်မှုံ၊ တိရစ္ဆာန်-အမှုံအမွှား၊ အင်းဆက် စတာတွေပါ။ အစားအသောက်တွေထဲက နို့၊ ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ လက်ဘက်ရည်၊ ဥ၊ ပြောင်း၊ ဂျုံ၊ လိမ္မော်၊ ခရမ်းချဉ်သီး၊ ဝက်သား၊ ကြက်သား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆံ၊ ဆေးဝါး။
နာတာရှည် (အလာဂျီ)က ကုရတာ ခက်ပါတယ်။ တချို့ဆိုရင် ဘာဆေးမှမတိုးသလို ဆိုးတယ်။ Trigger ဘာကနေ အဲလို ဖြစ်သလဲဆိုတာ သတိ ထားရတယ်။

(အင်တီ-ဟစ်စ်တမင်း) တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေ၀ါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေရှိပါတယ်။ အခုခေတ်မှာတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက်ဆိုတာတွေ ပေါ်လာပါပြီ။Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေက သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေကအိပ်ချင်တယ်။ Acr- ivastine, Cetirizine, Desloratadine Lora-tadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်း မရှိတဲ့ ဒုတိယမျိုးဆက်မို့ ပိုကောင်းတယ်။(အလာဂျီ)ရတတ်သူများ Cetirizine hydro­chloride ကို ဆောင်ထားပါ။ စားဆေး၊ သောက် ဆေး။ သူက 5 mg, 10 mg ဆိုပြီး လာတယ်။

အသက် ၆နှစ် အထက်ဆိုရင် တနေ့တပြား။ အစာနဲ့ နီးမှဝေးမှဆိုတာမရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်။ တနေ့ကိုနှစ်ခါ ခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ် အလေးချိန်အလိုက် လျှော့သောက်ရမယ်။
(အလာဂျီ)ဖြစ်တာ ပြင်းထန်လာရင် Predni­solone vdk Corticosteroid ဆေးမျိုး ပါပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများလို့ တချို့က မသုံးစေချင်ဘူ။ ၊ပေးရင် သက်သာတာတော့ အမှန်ပဲ။ ရေရှည်မသုံးတာ ကောင်းတယ်။ တကယ်လို့ ဆက်တိုက်ဖြစ်နေ၊ သောက်နေရတဲ့(အင်တီ-ဟစ်စ် တမင်း)တွေနဲ့ မသက်သာလို့ ဆရာဝန်က ပေးရင်သောက်ပါ။ ပထမရက်တွေမှာ ဆေးများများ ပေးပြီး၊ သက်သာရင် တဖြည်းဖြည်း လျှော့ပေးရတယ်။ တုံးတိမဖြတ်ရဘူး။ အရေးပေါ် ဖြစ်ရင် ဒီဆေးမျိုးကို ထိုးပေးရတယ်။ ဗမာတွေက အသက်ကယ်ဆေးလို့ ခေါ်ကြတယ်။

Cimetidine, Ranitidine တို့ဟာ လေနာ ဆေးတွေပေမယ့် ဒီရောဂါအတွက်လည်း သုံးတတ် တယ်။ Doxepin ဆိုတဲ့ စိတ်မကျဆေးလည်း သုံး သေးတယ်။ နာတာရှည် (အလာဂျီ) နဲ့ သန်ကောင် ဆက်စပ်နေတတ်တယ်။ တခြားဟာတွေကို မတည့်တာရော သန်ကောင်ပါ တွဲဖြစ်နေနိုင်သေးတယ်။ ၂ မျိုးလုံးကို ကုရလိမ့်မယ်။ သန်ကောင်အမျိုးအစားတွေ အများ ကြီးရှိတယ်။
Ankylostomiasis (Hookworm)ချိတ် သန်ကောင်ရှိပေမဲ့ တချို့မှာ လက္ခဏာမပြဘဲ နေ တတ်တယ်။ အရေပြားကနေဝင်ပြီး၊ သွေးထဲရောက်၊ အဆုတ်ထဲရောက်၊ အူထဲရောက်တယ် ရောက်တဲ့ နေရာအတိုင်း လက္ခဏာတွေ ပြမယ်။ အရေပြားယားမယ်၊ ရင်ကြပ်မယ်၊ ပန်းနာ-နူမိုးနီးယားလို ဖြစ်မယ်။ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ လူပိန်မယ်၊ အစား ပျက်မယ်၊ လေထမယ်၊

Iron deficiency anemia သွေးအားနည်းတာပါ ဖြစ်နေတတ်တယ်။ သတိထားရမှာကပြန်ဖြစ်တာနဲ့ ဆေးယဉ်တာ။ Meb­endazole 100 mg ကို တနေ့ ၂ ကြိမ်၊ ၃ ရက်ပေးတယ်။ ၂-၃ပါတ်နေရင် တခါထပ်ပေးတယ်။ ကိုယ်ဝန်ဆောင် နေတုန်း မပေးရပါ။ Albendazole 400 mg ၁ ကြိမ်၊ ၃ ရက် သောက်ရတယ်။ သွေးအားကောင်းဖို့ Ferrous sulfate စားဆေး ၃ လ သောက်စေတယ်။ (ပရိုတင်း) ပါ နည်းနေတတ်တယ်။ စားပေးပါ။

Strongyloidiasis သန်ကောင်ရောဂါဆိုတာ လည်း အရေပြား(ခြေထောက်)ယားယံတာနဲ့ အ ဆုတ်နဲ့ဆိုင်တဲ့ လက္ခဏာတွေ (ချောင်းဆိုး၊ အသက်ရှူကြပ်)ဖြစ်နိုင်တယ်။ အစားပျက်၊ ဝမ်းပျက်၊ ဗိုက် နာ၊ သွေးစစ်ရင f Eosinophil သွေးဖြူဥတမျိုး များနေမယ်။ Ivermectin ကို တရက်မှာ 200 mcg ၁-၂ ရက် ပေးတာက Albendazole 400 mg တနေ့ ၂ ကြိမ် ၃ ရက် ပေးတာထက် ပိုကောင်းတယ်။

Enterobiasis (Pinworm)သန်ကောင်ရောဂါဆိုတာ ညအချိန် စအိုကယားတာ ထူးခြားတယ်။ Albendazole (400 mg)ဒါမှမဟုတ် Meben-dazole (100 mg) တခါထဲ ပေးတယ်။ တစ်လနေ တစ်ခါထပ်ပေးသင့်တယ်။

Ascariasis (Roundworm) သန်ကောင် ရောဂါဆိုတာ အများဆုံးဖြစ်တယ်။ သန်လုံးကောင် ခေါ်တယ်။ တီကောင်နဲ့ဆင်တယ်။ အရေပြားယား တတ်တယ်။ ဗိုက်နာတတ်တယ်။ Albendazole 400 mg တခါထဲပေးတယ်။ ဒါမှမဟုတ် Meben­dazole 500 mg တခါထဲဖြစ်ဖြစ် 100 mg
တနေ့ ၂ကြိမ် ၃ ရက်ဖြစ်ဖြစ်ပေးတယ်။

Trichuriasis (Whipworm) သန်ကောင် ရောဂါဆိုတာလဲ ကလေးတွေမှာ အဖြစ်များတယ်။ Albendazole တနေ့ 400 mg ၁-၃-၇ ရက်ပေး တယ်။ ဒါမှမဟုတ် Mebendazole တနေ့ 200 mg ၁-၃-၇ ရက်ပေးတယ်။
သန်ကောင် ရှိ-မရှိဝမ်းစစ်ဆေးပါ။ သန်ကောင် အမျိုးအစား စစ်ပါ။ ဆေးသေချာ သောက်ပါ။ ၁ လနေ ရင် ဝမ်းတခါထပ်စစ်ပါ။ လိုအပ်ရင် ဆေးထပ်သောက်ပါ။ သွေးအားနည်း-မနည်းလည်း စစ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top