ကိုထက် ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်ဝန်ဆိပ်တက်ရောဂါဖြစ်သူ အမျိုးသမီးတွေက အသက်ကြီးချိန်မှာ သူငယ်ပြန်ရောဂါဖြစ်နိုင်ခြေ သုံးဆခွဲပိုမြင့်မားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တာက အမျိုးသမီးရဲ့ဦးနှောက်ဆီ သွေးစီးဆင်းမှု လျော့ကျ တာကြောင့်ဖြစ်ရတယ်လို့သိရပါတယ်။ ပုံမမှန်သွေးတိုးရာကဖြစ်တဲ့ သွေးကြောကျဉ်းရောဂါကြောင့် ကိုယ် ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်ခြေ မြင့်မားတယ်လို့လည်း လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။...
– စူး (ဆေးဝါးတက္ကသိုလ်) စံတော်ချိန်ဇုန်မတူတဲ့ အရပ်ဒေသကို လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရတဲ့အခါ Jet Lag လို့ ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုဝေဒနာ ခံစားရတတ်ပါတယ်။ အဲဒီဝေဒနာမရဘဲ လိုရာပန်းတိုင်ကို စိတ်ချမ်းမြေ့ ပျော်ရွှင်စွာရောက်ရှိနိုင်ဖို့ အကြံပြုချက်တချို့ ဖော်ပြလိုက်ပါတယ်။ – ခရီးမသွားမီ တစ်ညလုံး...
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ဇနီးမောင်နှံစုံတွဲ ခုနှစ်တွဲမှာ တစ်တွဲဟာ ကိုယ်ဝန်ရရှိဖို့အခက်အခဲ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။ အစားအသောက်ဟာ ကိုယ်ဝန်ရရှိနိုင်ဖို့အတွက် ကြီးမားတဲ့သက်ရောက်မှုရှိတယ်လို့ မျိုးအောင်နိုင်စွမ်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရဟာ အမျိုးသမီးတစ်ဦးကလေးရဖို့ ခန္ဓာကိုယ်ကို အဆင်သင့်ဖြစ်စေသလို အမျိုးသားတွေရဲ့ သုက်ကောင်ကိုလည်း ကျန်းမာစေပါတယ်။...
– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ပါကင်ဆန်ရောဂါဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုမှာ ချို့ယွင်းမှုဖြစ်စေပါတယ်။ ဦးနှောက်ထဲက နာ့ဗ်ဆဲလ်တချို့ထိခိုက်တာကြောင့် ဖြစ်ရတာပါ။ ပုံမှန်အားဖြင့် ဦးနှောက်နာ့ဗ်ဆဲလ်တွေက ဒိုပါမင်းလို့ခေါ်တဲ့ အရေးကြီးဓာတ်တစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ဒိုပါမင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းဆီကို အချက်ပြသင်္ကေတပေးပို့ပါတယ်။ အဲဒီအခါ ကြွက်သားတွေက...
– ကိုထက် သင်က ဘယ်လောက်ခွန်အားကြီးတဲ့သူ ဖြစ်နေပါစေ၊ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာ ကျန်းမာရေးကောင်းမွန်ပြီး သက်လုံကောင်းကာ အရွယ်တင်နုပျိုမှာ ဖြစ်လို့ပါ။ – သင်က သီးခြားနေတတ်သူဖြစ်လျှင် ရေကူးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ပြေးတာစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။...
(၁) အိပ်မက်နဲ့ စတင်ပါ။ (၂) ဘာလိုချင်တယ်ဆိုတာကို သေချာအောင်လုပ်ပါ။ (၃) အကောင်းမြင်စိတ်ထားရှိပါ။ (၄) စစ်မှန်တဲ့ စိတ်နှလုံးသားနဲ့ နေထိုင်ပါ။ (၅) သင်နဲ့ ဆက်စပ်သမျှ လူတွေကို အရေးပါတယ်လို့ ခံစားရပါစေ။ (၆) သင့်ကြောင့် တခြားသူတွေ အားရှိပါစေ။...
ကျန်းမာရေးကောင်းဖို့ပြင်းထန်တဲ့ နည်းလမ်းတွေကို လိုက်နာစရာမလိုဘဲ ကျန်းမာရေးပိုမိုကောင်းမွန်လာစေဖို့ လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။ (၁) တစ်နာရီထိုင်ပြီးတိုင်း ငါးမိနစ်လမ်းလျှောက်ပါ အချိန်တစ်နာရီကြာထိုင်ပြီးတိုင်း ခြေသလုံးသွေးလွှတ်ကြောတွေရဲ့ ကျယ်ပြန့်နိုင်စွမ်းက ၅၀ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ အင်ဒီယားနားAတက္ကသိုလ်လေ့လာသူတွေက လတ်တလော တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်တာကြောင့် နှလုံးသွေးကြော ပြဿနာဖြစ်နိုင်ခြေ မြင့်တက်နိုင်ပါတယ်။...