Healthy Life Ad
International

မျက်ခွံနှစ်ထပ်ဖြစ်ပြီး မျက်ရစ်မရှိဖြစ်နေတဲ့ ကြောင်လေး ခွဲစိတ်မှုခံယူပြီးနောက် အင်တာနက်မှာ လူချစ်လူခင်များလာ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ချန်တူမြို့ရဲ့လမ်းကြားတွေမှာ နေထိုင်တဲ့ ပိုင်ရှင်မဲ့ကြောင်ကလေးဖေးဖေးဟာ မျက်ခွံတွေအတွင်းဘက်ခေါက်ဝင်နေကာ မျက်လုံးကောင်းကောင်းဖွင့်လို့မရခဲ့ပါဘူး။ မျက်လုံးတွေက တစ်ဝက် ပိတ်ထားသလိုဖြစ်နေကာ ဒုက္ခရောက်နေခဲ့ပါတယ်။

တိရစ္ဆာန်ကယ်ဆယ်ရေးသမားနှစ်ယောက်ဟာ မတ်လက ကြောင်လေးကိုတွေ့ရှိခဲ့ပြီး မျက်လုံး ပြဿနာတွေ့ရှိတာကြောင့် တိရစ္ဆာန်ဆေးခန်းသို့ လာရောက်ပြသခဲ့ပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေက နာရီဝက်ကြာခွဲစိတ်မှုအတွင်း ဖေးဖေးရဲ့အတွင်းခေါက်နေတဲ့ မျက်ခွံတွေကို တည့်ပေးနိုင်ခဲ့ပါတယ်။ ဖေးဖေးရဲ့ မခွဲစိတ်ခင်နဲ့ ခွဲစိတ်ပြီး လှပနေတဲ့ မျက်လုံးတွေနဲ့ပုံတွေကို အင်တာနက်မှာ တင်လိုက်ပြီး နောက်အင်တာနက် အသုံးပြုသူများအကြား ရေပန်းစားသွားခဲ့ပါတယ်။
အသုံးပြုသူတစ်ယောက်က တခြားကြောင်ပိုင်ရှင်တွေအနေနဲ့လည်း မျက်လုံးပြဿနာရှိတဲ ့ကြောင်တွေကို အခုလိုကုသပေးသင့်ကြောင်း တိုက်တွန်းထားသလို နောက်တစ်ယောက်ကလည်း မျက်ခွံနှစ်ထပ်ခွဲစိတ်မှုကို အမျိုးသမီးတွေ ဘာ့ကြောင့်အသည်းအသန်ပြုလုပ်ချင်တာလဲဆိုတာ ဖေးဖေးပုံတွေကြည့်ပြီး နားလည်သွားခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ ဖေးဖေးဟာ အခုအခါ သခင်အသစ်ရရှိကာ ပျော်ရွှင်ကျန်းမာလျက်ရှိကြောင်း သိရပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top