Healthy Life Ad
International

ကိုရီးယားမင်းသားလီမင်ဟို ၏ အသားအရေလှပခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသား၊ အဆိုတော်၊ မော်ဒယ်တစ်ဦးဖြစ်တဲ့ လီမင်ဟိုက ကိုရီးယားရဲ့ ဝင်ငွေအကောင်းဆုံးမင်းသားတွေထဲ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူရဲ့အသားအရေထိန်းသိမ်းနည်းကို ဝေမျှလိုက်ပါတယ်။

ခြောက်သွေ့တဲ့ အသားအရေရှိသူ
“ကြမ်းတမး်တဲ့ ရာသီဥတုနဲ့ မိတ်ကပ်လိမ်းရတာတွေကြောင့် အသားအရေက ခြောက်သွေ့ပါတယ်။ ပြောရရင် အရင်က ဆပ်ပြာနဲ့ ရေသုံးပြီး မျက်နှာသစ်လိုက်တာပါပဲ။ အသားအရေကို အထူးတလည် ဂရုစိုက်ရကောင်းမှန်းလည်းမသိခဲ့ပါဘူး”လို့လီမင်ဟိုက ဆိုပါတယ်။

မင်သားဖြစ်မှ စတင်ထိန်းသိမ်း
“မင်းသားဖြစ်လာတော့ မိတ်ကပ်လိမ်းရတယ်၊ အဲဒီအချိန်အထိ အသားအရေကျန်းမာပျော့ပျောင်းအောင်ထိန်းသိမ်းဖို့ အရေးပါမှန်းမသိသေးဘူး။ ဒါပေမဲ့ မျက်နှာသစ်ဆေးနဲ့ အသားအရေကို သေချာသန့်စင်အောင်စပြီး သန့်စင်ဖြစ်ခဲ့တယ်။ နောက်ပိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အသားအရေကို အားဖြည့်ခဲ့ပါတယ်”

လေ့ကျင့်ခန်း
“ကျွန်တော့်အရပ်က ၁၈၇ စင်တီမီတာရှည်တော့ အဲဒီအရပ်နဲ့ လိုက်တဲ့ ခန္ဓာကိုယ်အချိုးအစားရအောင် လေ့ကျင့်ခန်းလုပ်ရပါတယ်။ ဒါကလည်း အသားအရေကို ကျန်းမာစေတယ်လို့ ထင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top