Healthy Life Ad
Q & A

ယူရီးယားအဆင့် နည်းရင် . . .

မေး ။ ဆေးစစ်ရာမှာ ယူရီးယားအဆင့်နည်းရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။ ပုံမှန်ဖြစ်အောင် ဘယ်လို နေထိုင်သင့်ပါသလဲ။
ယွန်းယွန်း (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ကျောက်ကပ်ထိခိုက်ပျက်စီးသူတွေမှာ ယူရီးယားအဆင့်များတာပဲ ဖြစ်တတ်ပါတယ်။ ယူရီးယားအဆင့်နည်းတာကတော့ ရှားပါတယ်။ ယူရီးယားဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသားဓာတ်တွေကို ဖြိုဖျက်ပြီး စွမ်းအင်အဖြစ် အသုံးပြုတဲ့အခါ ထွက်လာတဲ့ ပစ္စည်းဖြစ်ပါတယ်။ ယူရီးယားနည်းတဲ့ အခြေအနေတွေက အစားအသောက်မှာ ပရိုတင်းအသားဓာတ် အစားနည်းသူတွေ၊ အာဟာရ ဓာတ်ချို့တဲ့သူတွေနဲ့ ရေသောက်နည်းသူတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြဿနာအနေနဲ့ မတွေ့ရသလောက် နည်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top