Healthy Life Ad
Health Tips

စိတ်တည်ငြိမ်အေးချမ်းလိုလျှင်

– ဇွန်

အခွံချွတ်ထားတဲ့ ကောက်နှံစာ (ဥပမာ- ပေါင်မုန့်ဖြူ၊ ထမင်းဖြူ)နဲ့ သကြားပါတဲ့ ကော်ဖီတွေက အများအပြားစားသောက်ရင် သွေးတွင်းသကြားဓာတ်ကို ကမောက်ကမဖြစ်စေပြီး ကတုန်ကယင် ဖြစ်စေနိုင်ပါတယ်။

ဘာစားသင့်သလဲ

သွေးတွင်းသကြားဓာတ်အပြောင်းအလဲ မဖြစ်စေဖို့ အဆီနည်းအသား၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ(ဥပမာ-ဆန်လုံးညို၊ ပေါင်မုန့်ညို)တို့ကို စားသင့်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲသီးတို့ကိုလည်း စားပေးဖို့လိုပါတယ်။

အမြဲ သတိကောင်းလိုလျှင်

သော့တွေ ဘယ်နေရာမှာထားမိမှန်းမသိတော့တာမျိုး မကြာခဏဖြစ်နေပါသလား။ ဒါက ဦးနှောက်အားကောင်းစေတဲ့ အာဟာရဖြစ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်နဲ့ဗီတာမင် B12 တို့ ချို့တဲ့တာကြောင့် ဖြစ်ရတာပါ။

အိုမီဂါသရီးနဲ့ ဗီတာမင် B12 တွေက ဦးနှောက်ထဲက ဦးနှောက်နူရွန်တွေကို စွမ်းအားကောင်းအောင် လုပ်ဆောင်နေပါတယ်။ ဗီတာမင် B12 ချို့တဲ့တာက စိတ်ဇဝေဇဝါဖြစ်တာ၊ ထုံကျဉ်တာနဲ့ ညောင်းညာ နုံးနယ်တာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ အမေရိကန်လူမျိုး ၁၅ရာခိုင်နှုန်းဟာ ဗီတာမင် B12 စုပ်ယူနိုင်စွမ်းမှာ အခက်အခဲရှိတာကြောင့် ချို့တဲ့နေပါတယ်။

ဘာစားသင့်သလဲ

အဆီများတဲ့ ငါးတွေဖြစ်တဲ့ မက်ကရယ်ငါး၊ ထ ရောက်ငါး၊ ဟာအင်းငါး၊ တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါဝင်တာကြောင့် ဦးနှောက်ကိုကျန်းမာစေပါတယ်။ ဗီတာမင် B12 အများအပြားရရှိဖို့အတွက် အသည်း၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥအမျိုးမျိုးတွေကို စားပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top