Healthy Life Ad
Life Style

ဆယ်ကျော်သက်တို့အတွက် အလှအပသော့ချက်

၊ လရိပ်မေ ၊

ဆယ်ကျော်သက်တွေ ကျောင်းသွားတဲ့အခါ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေစေဖို့ အလှအပသော့ချက်လေးတွေကို မျှဝေလိုက်ပါတယ်။

(၁) လက်ဖက်ဆီနှင့် သံပရာရည်သုံးပြီး ကြေးချွတ်သန့်စင်ပါ

လက်ဖက်ဆီ၊ သကြား၊ ပျားရည်၊ သံပရာရည်နဲ့ ဆော်ဒါမှုန့်တွေကိုရောစပ်ပြီး တစ်ပတ်တစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေကို ကြေးချွတ်သန့်စင်ပေးပါ။

(၂) ပန်းရောင်နှုတ်ခမ်းနီသုံးပါ

မိတ်ကပ်အများကြီးလိမ်းစရာမလိုတဲ့ ဆယ်ကျော်သက်အရွယ်မှာ ပန်းနုရောင်သမ်းနေဖို့ ပန်းရောင်နှုတ်ခမ်းနီဆိုးပါ၊ ပန်းရောင်နှုတ်ခမ်းနီကိုပဲ ပါးရိုးပေါ်မှာ လက်ချောင်းလေးတွေနဲ့ ခပ်ပြေပြေလေးလိမ်းပေးပါ။

(၃) ဝက်ခြံ ဖုံးအုပ်ပါ

ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံအထွက်များတာကြောင့် ဝက်ခြံဖုံးအုပ်နိုင်တဲ့ နည်းသုံးခုကို မျှဝေချင်ပါတယ်။ ပထမဆုံး ဖောင်ဒေးရှင်းခရင်မ်ကို ညီညာစွာလိမ်းပါ။ ပြီးရင် ဝက်ခြံဖုပေါ်မှာ ကွန်ဆဲလ်လာ အနည်းငယ်လိမ်းပြီး တခြားနေရာက ဖောင်ဒေးရှင်းခရင်မ်နဲ့ တသားတည်းဖြစ်အောင် ဆွဲလိမ်းပါ။ တတိယအဆင့်အနေနဲ့ ဝက်ခြံဖုပေါ်ကွန်ဆဲလာကို ခပ်ပါးပါးပြန်လိမ်းပါ။ နောက်ဆုံးမှာ ပေါင်ဒါပါးပါးပုတ်ပေးရပါမယ်။

(၄) အိုင်းလိုင်နာအဖြစ် မက်စ်ကာရာဆိုးပါ

အိုင်းလိုင်နာမဆိုးပါနဲ့။ မက်စ်ကာရာဆိုးလိုက်ရင် မျက်ဝန်းကို သိသိသာသာကြည့်ကောင်းစေပါတယ်။

(၅) မျက်ခမ်းကို အိုင်းလိုင်နာဆိုးပါ

အောက်မျက်ခမ်းနဲ့ အပေါ်မျက်ခမ်းကို အရောင်ဖျော့အိုင်းလိုင်နာ ခပ်ပါးပါးဆိုးပါ။

(၆) ဘေဘီပေါင်ဒါလိမ်းပါ

ဆံပင်တွေစေးကပ်ပြီး ခေါင်းမလျှော်ရသေးရင် ဦးရေပြားနဲ့ ဆံပင်သားမှာ ဘေဘီပေါင်ဒါလိမ်းပါ။ ဘေဘီပေါင်ဒါက အဆီပိုတွေကို စုပ်ယူသွားပါလိမ့်မယ်။ ပြီးမှခေါင်းဖြီးပြီး သေချာခါချလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top