Healthy Life Ad
Health Tips

ဆီးမထိန်းနိုင်ခြင်း ဖြစ်နေသူတို့ သက်သာစေရန်

၊ ဇွန် ၊

ဆီးအိတ်ကနေ ဆီးတွေကို မထိန်းချုပ်နိုင်တဲ့ စိမ့်ထွက်မှုဖြစ်တာကို ဆီးမထိန်းနိုင်ခြင်းလို့ ဆိုလိုပါတယ်။ ဆီးမထိန်းနိုင်တာက အမျိုးသားရော အမျိုးသမီးမှာပါဖြစ်တတ်ပြီး အမျိုးသမီးတွေက ပိုအဖြစ်များပါတယ်။ တချို့သော အခြေအနေတွေမှာ အမျိုးသမီးအများစုက ဆီးအနည်းငယ်မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဆီး မထိန်းနိုင်တာကြောင့် လူကြားထဲသွားရမှာကို ကြောက်နေသူတို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းတွေကို ရေးသားလိုက်ရပါတယ်။

– ဝမ်းချုပ်တာ ကင်းဝေးစေဖို့ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကွေကာတွေကို များများစားပေးပါ။ ဝမ်းချုပ်ရင် ဆီးမထိန်းနိုင်တာကို ပိုဖြစ်စေနိုင်ပါတယ်။

– နေ့စဉ် အနည်းဆုံး အရည်ခြောက်-ရှစ်ခွက် သောက်သင့်ပါတယ်။

– ကဖင်းဓာတ်ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီနဲ့ ကိုလာတွေကိုများများသောက်ရင် ဆီးသွားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် လျှော့သောက်သင့်ပါတယ်။ အဲဒီအရည်တွေအစားရေကိုပဲ များများသောက်ပါ။

– လမ်းလျှောက်တာလိုမျိုး ပုံမှန်လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။

– ဆီးသွားရလွယ်ကူစေမယ့် အဝတ်အစားကို ဝတ်ဆင်ပါ။

– ညဘက်မှာ ဆီးသွားချင်စိတ် တစ်ကြိမ်ထက် ပိုဖြစ်ပေါ်တတ်ရင် အိပ်ရာမဝင်ခင် အချိန်သုံးနာရီအတွင်း ဘာအရည်မှ မသောက်သင့်ပါဘူး။

– သင့်မှာ ဆီးမထိန်းနိုင်တဲ့ပြဿနာရှိမှန်း သင့်မိသားစုဝင်အားလုံးကို ပြောပြထားပါ။ ဒါမှသာ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စက ပြဿနာမဖြစ်စေနိုင်မှာပါ။

– လေးလံလွန်းတဲ့ ပစ္စည်းတွေကို သယ်မတဲ့အခါ တခြားလူကို အကူအညီတောင်းပါ။ ဆီးအိတ်ကို လှုံ့ဆော်မှုပေးနိုင်တဲ့ အလုပ်တွေကို ရှောင်သင့်ပါတယ်။

– အရက်သောက်တာက ဆီးမထိန်းနိုင်တာကို ပိုဆိုးစေပါတယ်။ အကြောင်းကတော့ အယ်လ်ကိုဟောဟာ ဆီးဆေးအာနိသင်ရှိပြီး ကျောက်ကပ်မှဆီးတွေကိုထွက်စေဖို့ လှုံ့ဆော်ပေးတာကြောင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top