Healthy Life Ad
Health Tips

Dr.Oz အနှစ်သက်ဆုံး စူပါအစားအစာများ

– စူး (ဆေးဝါးတက္ကသိုလ်)

Dr.Oz ဆိုတာ အနောက်နိုင်ငံမှာ နာမည်ကြီးတဲ့ ဆရာဝန်တစ်ဦးပါ။ ဒီနေ့ခေတ်မှာ စားသောက်စရာတွေ ပေါများနေပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးအာနိသင်ပေးနိုင်မယ့် စူပါအစားအစာတွေအကြောင်းကို Dr.Oz က yahoo.com မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။

(၁) ပဲနီလေး

ပဲနီလေးမှာအမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ အပြည့်ပါဝင်တာကြောင့် ဗိုက်ပြည့်စေရုံသာမက အစာခြေစနစ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင်အနှစ်သက်ဆုံး အသားဟင်းတွေအစား ပဲနီလေးဟင်းချိုကို ထည့်သောက်သင့်ပါတယ်။

(၂) ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်ပါဝင်ရုံသာမက အဆီနဲ့ ကာဗိုဟိုက်ဒရိတ် တည်ဆောက်ဖြိုခွဲမှုအတွက် မရှိမဖြစ်အရေးပါတဲ့ ဘိုင်အိုတင်လည်း ပါဝင်နေပါတယ်။ (ပဋိဇီဝပိုးသတ်ဆေး အများအပြားမှီဝဲတာနဲ့ အာဟာရမလုံလောက်တာတွေကြောင့်) ဘိုင်အိုတင်ဓာတ်ချို့တဲ့ရင် အသားအရေခြောက်သွေ့တာနဲ့ မျက်နှာအရေ ပြားရောင်ရမ်းနီမြန်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ ဥအမျိုးမျိုးကိုရောပြီး မွှေကြော်ကာ စားသုံးပါ။ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တို့ ရရှိတာကြောင့် စိတ်ကျေနပ်မှုရရှိသလို စွမ်းအင်ပြည့်ဝစေပါတယ်။

(၃) ငှက်ပျောသီး

နေ့စဉ် ငှက်ပျောသီးတစ်လုံးစားတာက ဦးနှောက်ဆဲလ်တွေကို ကျန်းမာရေးကောင်းစေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်တွေရဲ့ အာနိသင်ကို ကောင်းမွန်တိုးတက်စေပါတယ်။ ငှက်ပျောသီးကို တစ်နေ့တစ်လုံးစားပေးရင် စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိစေနိုင်ပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာရောဂါကို တွန်းလှန်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top