Healthy Life Ad
Health Tips

စပျစ်သီးဖျော်ရည်ကို ဘာကြောင့်သောက်သင့်သလဲ

၊ ဇွန် ၊

စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ စပျစ်သီးဖျော်ရည် သောက်တာကြောင့် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) စပျစ်ဖျော်ရည်မှာအင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရထရောတို့ အများအပြားပါဝင် နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့အပြင် စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအား စနစ်ကိုကောင်းမွန်စေပါတယ်။ အနီရောင်နဲ့ခရမ်းရောင်စပျစ်သီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင်နဲ့ အဖြူရောင် စပျစ်သီးမှာထက်ပိုများပါတယ်။

(၂) စပျစ်သီးဖျော်ရည်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ လေ့လာမှုအရစပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။

(၃) တက်ဖ်တက္ကသိုလ်ရဲ့လတ်တလောလေ့လာမှုတစ်ရပ်အရ စပျစ်ဖျော်ရည်ကို ပုံမှန်သောက်တာက ဦးနှောက်ရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေကြောင်းသိရပါတယ်။

(၄) တခြားလေ့လာမှုတွေအရ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားနေရတဲ့လူနာတွေဟာ စပျစ်သီးဖျော်ရည် ပုံမှန်သောက်တာကြောင့် အကျိုးကျေးဇူးရနိုင်ကြောင်း သိရပါတယ်။

(၅) စပျစ်ဖျော်ရည်ဟာ စွမ်းအင်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် လန်းဆန်း တက်ကြွမှုကိုရရှိစေပါတယ်။ သံဓာတ်ချို့တဲ့နေတဲ့ အမျိုးသမီးတွေဟာ စပျစ်ဖျော်ရည်သောက်တာကြောင့် စွမ်းအားကောင်းစေပါတယ်။

(၆) စိတ်ဖိစီးမှုများနေသလား။ စပျစ်ဖျော်ရည်တစ်ခွက်သောက်လိုက်ရင် ဖိစီးမှုလျော့ကျပြီး လန်းဆန်းသွားပါလိမ့်မယ်။

(၇) သွေးတွင်းကိုလက်စထရောအဆင့် မြင့်မားနေရင် စပျစ်ဖျော်ရည်ကို နေ့စဉ် ပုံမှန်သောက်ပါ။ သွေးထဲက အဆီတွေကို လျော့ကျစေပါတယ်။

(၈) စပျစ်ဖျော်ရည်ကို ပုံမှန်သောက်နေသူတွေက ဝမ်းမှန်မှန်သွားစေပြီး အသည်းနဲ့ အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၉) စပျစ်သီးမှာဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက်တွေက မျက်စိအတွင်းတိမ်ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

သတိပြုရန်

အဆင်သင့် စပျစ်သီးဖျော်ရည်မှာ သကြားပါဝင်မှုမြင့်မားတာကြောင့် ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ စပျစ်သီးကိုမိမိဘာသာဖျော်ရည်လုပ်ပြီး သောက်သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top