Healthy Life Ad
Q & A

အူအတက်ခွဲပြီး အရက်သောက်လို့ ရ၊ မရ . . .

မေး ။ အူအတက်ခွဲပြီး ဘာတွေရှောင်သင့်ပါသလဲ။ အရက်၊ ဘီယာသောက်လို့ရလား။ ဘယ်လောက် စောင့်ရပါသလဲ။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သာမန်အားဖြင့် အူအတက်ခွဲပြီးရင် တခြားခွဲစိတ်တာတွေနဲ့ အတူတူပဲ၊ ခွဲပြီးခါစမှာ မစားရဘူး၊ ပြီးရင် ရေသောက်ခွင့်ပေးတယ်။ နာတာ မရှိရင် ထမင်း ပုံမှန်စားလို့ရပါတယ်။ ခွဲပြီး ကြာရင် ပုံမှန်လိုပဲ စားသောက်နေထိုင်လို့ရပါတယ်။ ဒါပေမဲ့ ဆေးလိပ်၊ အရက်၊ ဘီယာစတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာတွေကတော့ အူအတက်ခွဲခွဲ၊ မခွဲခွဲ ဆင်ခြင်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top