Healthy Life Ad
Q & A

အသက်ကြီးလို့ဖြစ်တဲ့ မျက်စိရောဂါတွေ ကင်းဝေးချင်ပါတယ်

မေး. ကျွန်တော့်အသက်က ၆၀ထဲ ရောက်လာပါပြီ။ စာဖတ်ရတာ ဝါသနာပါလို့ မျက်စိကျန်းမာရေးထိခိုက်မှာ စိုးပါတယ်။ အသက်ကြီးတဲ့အထိ မျက်စိမှာ ကျန်းမာရေးပြဿနာမကျရောက်အောင် ဘယ်လိုအချက်တွေ အဓိက လိုက်နာသင့်ပါသလဲ ဆရာ။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အသက်ကြီးတဲ့အခါ မျက်စိမှာ ကျန်းမာရေးပြဿနာအနေနဲ့ အဓိကကျရောက်တတ်တာက အတွင်းတိမ်ရောဂါပါ။ အတွင်းတိမ်က အသက်အရွယ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ကြိုတင်ကာကွယ်လို့မရပါဘူး။ အတွင်းတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း အခုအချိန်ထိ တိတိကျကျမသိကြသေးဘူး။ ခရမ်းလွန်ရောင်ခြည် (UV Light) နဲ့ ထိတွေ့မှုကြောင့် ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ သိသေးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုမရှိအောင် ကာကွယ်ဖို့လိုတယ်။

နောက်တစ်ခုက ရေတိမ်ရောဂါက အဖြစ်များတယ်။ ရေတိမ်ဖြစ်ရတဲ့အကြောင်းရင်း အများကြီးအနက် စိတ်ဖိစီးမှုလျှော့ချဖို့ ဆိုတဲ့ အကြောင်းလောက်ပဲ လျှော့ချလို့ရတယ်။ တတိယအဖြစ်များကတော့ မျက်ကြည်နာပေါ့။ မျက်ကြည်နာမဖြစ်အောင်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင်နဲ့ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ဖို့လိုပါတယ်။

နောက်ပိုင်းအဖြစ်များလာတာကတော့ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ မျက်စိပြဿနာ (Diabetic Retinopathy) ပေါ့။ ဒါကြောင့် ဆီးချိုရောဂါမဖြစ်အောင် ဂရုစိုက်ဖို့လိုတယ်။ ဆီးချိုရောဂါဖြစ်ခဲ့ရင်လည်း ဆရာဝန်နဲ့ပြသပြီး သေသေချာချာ ဆေးကုသသင့်တယ်။ မျက်စိဆရာဝန်နဲ့လည်း တစ်နှစ်တစ်ခေါက်လောက် တွေ့ဆုံစစ်ဆေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top