Healthy Life Ad
Health Tips

အူမကြီးသန့်စင်စေမည့် နည်းလမ်းကောင်းများ

– စူး (ဆေးဝါးတက္ကသိုလ်)

အူနဲ့ အူမကြီးသန့်စင်စေဖို့ အောက်ပါအစားအသောက်တွေကို စားသောက်ပေးရပါမယ်။

(၁) သံပရိုသီးဖျော်ရည်

သံပရိုသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်စီပါဝင်မှုများတာကြောင့် အစာခြေ လမ်းကြောင်းစနစ်အတွက် ကောင်းကျိုးရှိပါတယ်။ အူမကြီးသန့်စင်ဖို့အတွက် သံပရိုသီးဖျော်ရည်ထဲ ပျားရည်နည်းနည်း၊ ဆားနည်းနည်းခတ်ပြီး သောက်ပေးပါ။ မနက်စောစော အစာအိမ်ထဲ ဘာမှမရှိခင်မှာ အရင်ဆုံးသောက်သင့်ပါတယ်။

(၂) ဟင်းသီးဟင်းရွက်ဖျော်ရည်

အူမကြီးသန့်စင်ဖို့ ဟင်းသီးဟင်းရွက် များများစားသင့်တာအမှန်ပါ။ ဟင်းသီးဟင်းရွက်တွေကို ဆားရည် ဒါမှမဟုတ် ရှလကာရည်ထဲထည့်စိမ်ပြီး ဆေးပေးရပါမယ်။ ပြီးရင် ဟင်းသီးဟင်းရွက်ဖျော်ရည် ဖျော်သောက်ပေးပါ။ ဒီနည်းက အူမကြီးရှိ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ဝမ်းမှန်မှန်သွားစေကာ အူမကြီးကို သန့်စင်စေပါတယ်။

(၃) အမျှင်ဓာတ်ပါသည့် အစာများ

အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေကအူမကြီးရှိ အဆိပ်အတောက်တွေကို ကင်းစင်စေတယ်ဆိုတာ သင်သိပါရဲ့လား။ အမျှင်ဓာတ်က ဝမ်းကို ပျော့စေပြီး အူလှုပ်ရှားမှုကောင်းမွန်စေပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာ၊ အစေ့အဆန်၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးထဲမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အူမကြီးလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

(၄) ပင်လယ်ဆား

ပင်လယ်ဆားက အစာအိမ်အူလမ်းကြောင်းရှိ ဘက်တီးရီးယား၊ အဆိပ်အတောက်နဲ့ ကပ်ပါးကောင်တွေကို ကင်းစင်စေပါတယ်။ ရေတစ်ဖန် ခွက်ကျိုတဲ့အခါ ပင်လယ်ဆား တတို့စာထည့်ပေးပါ။ ရလာတဲ့ ရေနွေးကို အေးအောင်ထားပြီး ဝမ်းဗိုက်မှာ ပွတ်သပ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top