Healthy Life Ad
Q & A

အံကပ်စိုက်ရသူတွေ သိဖို့ . . .

မေး ။ အံကပ်စိုက်ရတဲ့ သူတွေအနေနဲ့ အံကပ်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့နဲ့ ခံတွင်းသန့်ရှင်းနေဖို့အတွက် ဘယ်လို ထိန်းသိမ်းသင့်ပါသလဲ။
သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦး မှ ပြန်လည်ဖြေကြားသည်။
ဖြေ ။

အံကပ်တပ်ဆင်သူတွေအနေနဲ့ အစာစားပြီးတိုင်း အံကပ်ကို ဖြုတ်ပြီး ရေနဲ့ ဆေးကြောပေးပါ။ ညအိပ်ရာဝင်ခါနီးတိုင်း အံကပ်ကို ဖြုတ်ပြီး သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့ တိုက်ပြီး ရေနဲ့ သေချာ ဆေးကြောသန့်စင်ပေးပါ။ ပြီးရင် အံကပ်ကို ရေထဲစိမ်ပါ။ ရိုးရိုးရေထဲစိမ်ပြီး အဖုံးဖုံးထားပေးပါ။

နံနက်အိပ်ရာထပြီး ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပြီးချိန်မှာ အံကပ်ကို သွားတိုက်ဆေး ဒါမှမဟုတ် ဆပ်ပြာနဲ့ သွားတိုက်တံနဲ့ သေချာတိုက်ပြီးမှ ပြန်သုံးသင့်ပါတယ်။ အံကပ်မှာ စားကြွင်းစားကျန်တွေ ကပ်ငြိမနေအောင်ထားဖို့ အရေးကြီးပါတယ်။ သွားပစ္စည်းရောင်းတဲ့ ဆေးဆိုင်တွေက ဝယ်လို့ရတဲ့ အံကပ်စိမ်တဲ့ ဆေးပြားနဲ့ စိမ်ပေးရင် ပိုကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top