Healthy Life Ad
Life Style

အဝလွန်ခြင်းလျှော့ချနိုင်မည့် နေထိုင်စားသောက်မှုပုံစံ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

အဝလွန်သူနဲ့ ကိုယ်အလေးချိန်များသူတို့ အနေနဲ့ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ပြုပြင်ပေးရပါမယ်။ ဒါကို စွဲမြဲအောင်လုပ်ဆောင်ပေးရင် ကိုယ်အလေးချိန် လျှော့ချနိုင်မှာဖြစ်ပါတယ်။

(၁) တစ်နေ့တာ စားသုံးသည့် ကယ်လိုရီပမာဏ

လူတစ်ဦးတစ်ယောက်အတွက် နေ့စဉ် စားသုံးနိုင်တဲ့ ကယ်လိုရီက အမျိုးသားဆိုရင် ၂၅၀ဝ ကယ်လိုရီ၊ အမျိုးသမီးဆိုရင် ၂၀ဝ၀ ကယ်လိုရီလို့ အကြမ်းမျဉ်းသတ်မှတ်ထားပါတယ်။ အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်များနေရင် ကယ်လိုရီလျှော့ချစားသောက်ရပါမယ်။ အဲဒီလို စားသုံးရာမှာ အဓိကအစာအုပ်စု (၃)ခုဖြစ်တဲ့ ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)၊ အသားဓာတ်(ပရိုတင်း)၊ အဆီဓာတ်သုံးမျိုးထဲမှ ကစီဓာတ်နဲ့ အဆီဓာတ်ကို လျှော့ချပေးရပါမယ်။

မြန်မာလူမျိုးတွေက ထမင်းကိုအများကြီး စားတတ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ထမင်းပန်းကန်ထဲမှာ ထမင်းထက် အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များများထည့်ပြီး စားသောက်ပေးရပါမယ်။ အစားအသောက်ကို တစ်ကြိမ်တည်းနဲ့ များများမစားဘဲ နည်းနည်းနဲ့ ခဏခဏ စားပေးသင့်ပါတယ်။ မနက်စာကို မရှောင်သင့်ပါဘူး။

လူတစ်ဦးကျန်းမာဖို့ တစ်နေ့မှာ မိနစ် ၃၀နဲ့ တစ်ပတ်မှာ ၅ရက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ဖို့ လိုပါတယ်။ ဝိတ်ကျချင်ရင်တော့ ၄၅ မိနစ် ပြုလုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းကို စိတ်ပါမှထလုပ်တာမျိုး မလုပ်သင့်ပါဘူး။ စိတ်ရှည်ရှည်ထားပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။

(၂) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း

လူတစ်ဦးကျန်းမာဖို့ တစ်နေ့မှာ မိနစ် ၃၀နဲ့ တစ်ပတ်မှာ ၅ရက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ဖို့လိုပါတယ်။ ဝိတ်ကျချင်ရင်တော့ ၄၅ မိနစ်ပြုလုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းကို စိတ်ပါမှ ထလုပ်တာမျိုး မလုပ်သင့်ပါဘူး။ စိတ်ရှည်ရှည်ထားပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အသင့်အတင့်ပြင်းအားရှိတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ခပ်သွက်သွက်လမ်းလျှောက်တာ၊ ပြေးတာ စတာတွေကို လုပ်သင့်ပါတယ်။ ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ရပါမယ်။

(၃) နေ့စဉ် နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း

ကိုယ်အလေးချိန်လျှော့တာက ယာယီပဲလျှော့နေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ ကိုယ်အလေးချိန် ကျသွားလည်း ဆက်လက်ပြီး ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပေးမှ ဝိတ်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်များတဲ့သူအများစုက ဘာမှမစားဘဲနဲ့ ဝတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ သူတို့စားသမျှက ကယ်လိုရီများနေလို့ ဖြစ်တတ်ပါတယ်။ ဆီကြော်စာ၊ အဆင်သင့်စာ၊ အချိုရည်၊ ထမင်း/ခေါက်ဆွဲ/ပေါင်မုန့် စတာတွေကို အများကြီး စားနေတတ်တာမျိုး ဖြစ်တာကြောင့် ကိုယ်ဘာစားသောက်သင့်သလဲဆိုတာကို အာဟာရဆိုင်ရာ အထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး ဆင်ခြင်စားသုံးလို့လည်း ရပါတယ်။ အဝလွန်နေရင် နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးတွင်းအဆီများတာ စတာတွေ ဖြစ်တတ်တဲ့အတွက် ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top