Healthy Life Ad
International

မိခင်နို့ရည်ဝယ်ယူသောက်သုံးပြီး ကိုယ်အလေးချိန် လျှော့ချနေသူ

၊ ကိုထက် ၊

အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် မိခင်နို့ရည်ကို ဝယ်ယူသောက်သုံးတဲ့နည်းကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ဘိုင်ရမ်ကာဟာ သူရဲ့နေထိုင်စားသောက်မှုပုံစံကြောင့် ကိုယ်အလေးချိန်တဖြည်းဖြည်းများလာခဲ့ပြီး ပေါင် ၂၀ဝနီးပါးဖြစ်လာခဲ့တယ်လို့သိရပါတယ်။ ဒီလို ကိုယ်အလေးချိန်များလာတဲ့နောက်မှာတော့ ၃နှစ်ကျော် တွဲခဲ့တဲ့ သူ့ချစ်သူရဲ့ လမ်းခွဲပစ်ပယ်ခဲ့ခြင်းကိုခံလိုက်ရပါတယ်။

သူရဲ့ချစ်သူက သူရဲ့ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး ဆိုးဆိုးရွားရွားတွေပြောဆိုကာ လမ်းခွဲခဲ့တဲ့အတွက် ထိခိုက်ခံစားခဲ့ရပါတယ်။ ဒါကြောင့် သူဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် သီးသန့်နည်းပြနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်မသူငယ်ချင်းဂျော်နီက အားကစားခန်းမမှာနည်းပြပါ၊ သူက စိတ်ဓာတ်အရမ်းကျနေတဲ့ ကျွန်မကို အားပေးစကားတွေပြောပြီး သူ့ဆီမှာလေ့ကျင့်ခန်းတွေလာလုပ်ဖို့ ခေါ်တာနဲ့ လုပ်ဖြစ်ခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဘိုင်ရမ်ကာဟာ အချိုတွေ၊ အအီအအိမ့်တွေ အရမ်းကြိုက်နှစ်သက်သူဖြစ်တဲ့အတွက် အသင့်စားမုန့်တွေ၊ အချိုတွေအရမ်းစားတတ်သူဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ကိုယ်အလေးချိန်ကလည်း မကျတဲ့အတွက် စိတ်ဓာတ်ကျခဲ့သေးတယ်လို့လည်း သိရပါတယ်။ လေ့ကျင့်ခန်းလုပ်ရတာ ပျင်းရိလာတဲ့ ဘိုင်ရမ်ကာကို ဂျော်နီက ပုလင်းနဲ့ဖျော်ထားတဲ့ ဖျော်ရည်တစ်မျိုးကို တိုက်ခဲ့ပါတယ်။ အစမှာတော့ ဖျော်ရည်တစ်မျိုးမျိုးဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် မိခင်နို့ရည်နဲ့ စတော်ဘယ်ရီ ပရိုတင်းမှုန့်တို့ကို ဖျော်ထားတာဆိုတာကို သိခဲ့ရပါတယ် ”

မိခင်နို့ရည်မှာက အဆီပိုတွေလည်း မပါဘူး၊ အာဟာရဓာတ်တွေ၊ ပရိုတင်းတွေနဲ့ ကြွက်သားသန်စွမ်းဖို့လိုအပ်တဲ့ အာဟာရတွေ အများကြီးပါဝင်ပါတဲ့အတွက် မိခင်နို့ရည်က ကိုယ်အလေးချိန်လျှော့ချရာမှာ အများကြီးအထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်”လို့ ဂျော်နီက ပြောပြခဲ့ပါတယ်။
ဘိုင်ရမ်ကာ အမေရိကန်မှာ ရောင်းချလျက်ရှိတဲ့ အေးခဲထားတဲ့မိခင်နို့ရည်ကို အင်တာနက်ပေါ် မှတစ်ဆင့် ဝယ်ယူတယ်လို့သိရပါတယ်။ သူဟာ မိခင်နို့ရည်သောက်သုံးတာ ၁၈ လအကြာ မှာ ၃၆ ပေါင်ခန့် ကိုယ်အလေးချိန်လျော့ကျခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုအချိန်ထိ သူဟာ စတာလင် ပေါင် ၃၅၀ဝ ကျော်ဖို့ ဝယ်ယူထားတယ်လို့လည်း သိရပါတယ်။

“ကိုယ်မသိတဲ့သူတွေရဲ့ နို့ကိုသောက်ရတာ တစ်မျိုးကြီးတော့ဖြစ်ပေမယ့် ထိရောက်မှုတော့ ရှိပါတယ်၊ ကျွန်မလည်း ကိုယ်အလေးချိန်ကျလာခဲ့သလို ဂျော်နီရဲ့ခန္ဓာကိုယ်ကလည်း အရမ်းကြည့်လို့ ကောင်းနေပါတယ်”လို့ ဘိုင်ရမ်ကာက ပြောပြခဲ့ပါတယ်။

အင်တာနက်ပေါ်က မိခင်နို့ရည်ရောင်းချသူတွေဟာ သူတို့ရဲ့ နို့ရည်ကို စနစ်တကျစစ်ဆေးပြီး ရောဂါပိုးကင်းပြီး စိတ်ချရတဲ့ နို့ရည်ကိုသာ ရောင်းခွင့်ရတယ်လို့သိရပါတယ်။ တချို့သော ကာလသား ရောဂါပိုး၊ အသည်းရောင်အသားဝါပိုးနဲ့ HIV ပိုးစတဲ့ ပိုးရှိသူတွေရဲ့ နို့ရည်တွေဟာ ရောဂါပိုးတွေပါလာနိုင်တဲ့အတွက် ဝယ်ယူရာမှာ စစ်ဆေးပြီးသား ဖြစ်ဖို့အရေးကြီးတယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top