Healthy Life Ad
Health Tips

အသည်းအဆီဖုံးခြင်းအတွက်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အဝလွန်တာ၊ ဗိုက်ပူတာနဲ့ အရက်သောက်တာတွေကြောင့် အသည်းအဆီဖုံးရောဂါ အဖြစ်များပါတယ်။ ဒါ့အပြင် အဆီအအိမ့်၊ ဆီကြော်စာတွေ အစားများရင်လည်း ဖြစ်တတ်ပါတယ်။

(၁) အသည်းက သင်စားလိုက်တဲ့ သကြားအပိုတွေကို သိုလှောင်ထားပါတယ်။

(၂) သကြားတွေက အသည်းထဲမှာ အဆီအဖြစ် ရောက်ရှိသွားပါတယ်။

(၃) အသည်းအဆီဖုံးလာပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ သိသိသာသာ ထိခိုက်တတ်ပါတယ်။

အသည်းအဆီဖုံးသောအခါ ဖြစ်တတ်သည့် လက္ခဏာများ

– ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း

– နာတာရှည် နုံးချည့်ညောင်းညာခြင်း

– အစာစားပြီးနောက် မသက်မသာဝေဒနာဖြစ်ခြင်း၊ ဗိုက်ပြည့်တင်းခြင်း

အသည်းအဆီဖုံးချိန် စားသင့်သည့် အစာများ

– သင်္ဘောသီး

– သံပရိုသီး

– သခွားသီး

– မုန်လာဥနီ

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top