Healthy Life Ad
Life Style

ကိုယ့်စိတ်ဓာတ်အဆင့်အတန်းကိုပဲ ပြသလိုက်ပါ …

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ အမျိုးသားတစ်ဦးက လမ်းသွားနေရင်း ခြုံပုတ်တစ်ခုထဲကနေ ကြောင်တစ်ကောင်ရဲ့ အော်ငြီးသံကို ကြားလိုက်ရတယ်။ ခြုံပုတ်ထဲကနေ ရုန်းမထွက်နိုင်တဲ့ကြောင်ကို လက်လှမ်းပြီး ဆွဲခေါ်တော့ ကြောင်ကကြောက်အားလန့်အားနဲ့ ကုတ်ခြစ်လိုက်တယ်။ အမျိုးသားလည်း နာကျင်လို့ ညည်းလိုက်မိပေမယ့် သူလက်မလျှော့ခဲ့ဘူး။ ကြောင်လေးကို အပြင်ဆွဲထုတ်နိုင်ဖို့ ထပ်ခါထပ်ခါ သူကြိုးစားခဲ့တယ်။

ကြောင်လေး လွတ်မြောက်ဖို့ သူကြိုးစားနေတာမြင်တော့ လမ်းသွားလမ်းလာလူတစ်ဦးက “ခင်ဗျားဗျာ . .ဒီလောက် ကုတ်ခြစ်နေတာ ထားလိုက်စမ်းပါ”လို့ ပြောသတဲ့။

သူကတော့ ဘာပြောပြော လက်မလျှော့ဘဲ အကုတ်ခြစ်ခံပြီး ကြိုးစားလိုက်ရာ နောက်ဆုံးမှာ ကြောင်လေးလွတ်မြောက်သွားတယ်။ အဲဒီအခါမှာ သူပြောတာက-

“ကြောင်က တိရစ္ဆာန်တစ်ကောင်ပဲလေ၊ သူ့ကိုလာထိရင် သူသိတာက ကုတ်ခြစ်ဖို့နဲ့ တိုက်ခိုက်ဖို့ပဲ . . ဒါပေမဲ့ ကျွန်တော်ကတော့ လူသားမဟုတ်လားဗျာ . . ကျွန်တော်သိတာက ချစ်ခင်ကြင်နာဖို့နဲ့ စာနာတတ်ဖို့ပဲလေ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top