Healthy Life Ad
International

လာမည့် ၂၀၂၀တွင် လက္ခဏာမပြမီ အဆစ်ရောင်နာရှိ၊ မရှိ နှစ်နှစ်ကြိုတင် စစ်ဆေးသိရှိနိုင်မည်

၊ ကိုထက် ၊
အဆစ်ရောင်နာထဲမှာ အဖြစ်များဆုံး OA အဆစ်နာရောဂါရှိ၊ မရှိ ရိုးရှင်းတဲ့ စစ်ဆေးမှုကို ရောဂါလက္ခဏာမပေါ်ခင် နှစ်နှစ်အလိုမှာ ကြိုတင်စစ်ဆေး သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ဗြိတိန်လူမျိုး ၈ သန်းခွဲက OAအဆစ်နာဝေဒနာ (Osteoarthritis) ခံစားနေရပြီး အများစုက နောက်ကျမှရောဂါရှိမှန်း သိခဲ့ရပါတယ်။ ရောဂါအဆင့်နောက်ကျမှ သိရှိသူတွေက တင်ပါး ဒါမှမဟုတ် ဒူးအစားထိုးကုသမှုကိုသာ ရွေးချယ်ပြုလုပ်ရပါတော့တယ်။
အခု စစ်ဆေးမှုက သွေးတစ်စက်ပဲလိုအပ်ပြီး ၉၈ ရာခိုင်နှုန်းတိကျမှုရှိကြောင်း၊ အဆစ်ထိခိုက်ချိန်မှာ သွေးကြောထဲထွက်လာတဲ့ ဂလူကိုစပိန်းပရိုတင်းတစ်မျိုးကို စစ်ဆေးမှာ ဖြစ်ကြောင်းနဲ့ ဒီစစ်ဆေးမှုကို နှစ်နှစ်အတွင်း အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီစစ်ဆေးမှုက OA ဒူးနာရောဂါ ဖြစ်နိုင်ခြေရှိတွေကို စောစော သိရှိစေမှာဖြစ်ပြီး ဖြစ်နိုင်ခြေများသူတွေအနေနဲ့ ကိုယ်အလေးချိန် လျှော့ချတာ၊ လေ့ကျင့်ခန်းလုပ်ဆောင်တာ စတဲ့ နည်းတွေနဲ့ ရောဂါ ဖြစ်မလာအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
OAအဆစ်နာရောဂါဆိုတာ ခန္ဓာကိုယ်ကွေးညွတ်တာနဲ့ ပစ္စည်းသယ်မတာတွေလုပ်ရာမှာ သုံးတဲ့ အဆစ်တွေကို ကူညီပေးတဲ့ အရိုးနုထိခိုက်ပျက်စီးလို့ ဖြစ်ရတာပါ။ ဒီသွေးစစ်ဆေးနည်းက စတာလင်ပေါင် ၂၀ဝ အောက် ကုန်ကျမှာ ဖြစ်ပြီး အဆစ်နာရောဂါ မဖြစ်ခင် နှစ်နှစ်အလိုမှာ ကြိုတင်သိရှိနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ဝါဝစ်ဆေးကျောင်းတက္ကသိုလ်မှ ဒေါက်တာနိုင်လာက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top