Healthy Life Ad
Q & A

နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင် . . .

မေး ။ နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ ဆရာ။
Zin Zin (FB)
အယ်ဒီတာအဖွဲ့ မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်မသောက်တတ်သူဆိုရင် ဘယ်တော့မှ အစလုပ်ပြီး ဆေးလိပ်မသောက်ကြည့်ပါနဲ့။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကိုလည်း မရှူမိပါစေနဲ့။

ကိုယ်အလေးချိန်ကလည်းပုံမှန်ရှိအောင် ထိန်းထားရပါမယ်။ BMI ၂၅ အောက်ထိန်းထားနိုင်ရင် အကောင်းဆုံးပါ။
သွေးတွင်း သကြားဓာတ်ကို တိုင်းတာပါ။ သွေးတွင်း သကြားဓာတ် ပုံမှန်ရှိဖို့လိုအပ်ပါတယ်။

သွေးတွင်းအဆီဓာတ်မများပါစေနဲ့။ အဆီထိန်းနိုင်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာရပါမယ်။

လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ဘာမှမလုပ်ဖြစ်ရင်တောင် တစ်နေ့ မိနစ် ၃၀ လောက် ခပ်သွက်သွက် လမ်းလျှောက်ပေးသင့်ပါတယ်။ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတာတွေကို များများစားပေးပြီး အဆီအအိမ့်တွေကို ရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top