Healthy Life Ad
Humour

ပြောတတ်ဖို့တော့လိုတာပေါ့ . . .

ပင်ပန်းနေတဲ့ မိန်းမက အေးအေးလူလူ သက်သောင့်သက်သာနေတတ်တဲ့ ယောကျာ်းကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။

“တစ်နေ့လုံး ကျွန်မ အိမ်အလုပ်တွေ လုပ်ရတယ်၊ မီးဖိုချောင်ထဲမှာ ချက်ပြုတ်ဆေးကြောရတယ်၊ ကလေးတွေ ထိန်းရတယ်၊ ကလေးတွေ ဝေယျာဝစ္စလုပ်ရတယ်၊ အဝတ်တွေလျှော် ဖွပ်မီးပူတိုက်ရတယ်။ ရှင် ဘာလုပ်သလဲပြော၊ ရှင် တစ်နေ့လုံး ဘာလုပ်နေလဲ . .”

“အော် . . မိန်းမရယ်၊ ငါ . .ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းသိမ်းရမလဲ တွေးနေတာပါ၊ မင်းမှာ သိပ်ကိုလှပတဲ့ မျက်ဝန်းတွေရှိတယ်၊ ဘယ်အချိန်မဆို ပြုံးလိုက်ရင် နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးချိုချိုလေးတွေရှိတယ် . . မင်းနဲ့တူသလားတန်သလားလို့ ငါ့ကိုယ်ငါ တွေးနေတာပါကွာ”

“အိမ်အလုပ်၊ ကလေးတာဝန်တွေနဲ့ ရှင့်ကိုဂရုမစိုက်မိတာကြာပြီ ယောကျာ်း . . ရှင်ဒီညနေ ဘာစားချင်လဲဟင်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top