Healthy Life Ad
Life Style

အသက်ရှည်ကြောင်း နည်းကောင်း သုံးရပ်

ငွေကြယ်စင်ယံ

နည်းလမ်းကောင်း (၁) အကောင်းမြင်သော စိတ်ကို ထားရှိခြင်း
နယူးယော့ခ်ရှိ အိုင်းစတိုင်းဆေးကျောင်းမှ သိပ္ပံပညာရှင်တွေက အသက်ရာကျော်ရှည်သူ ၂၄၃ဦးကို လေ့လာခဲ့ရာ အများစုဟာ အကောင်းမြင်စိတ်ရှိပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းကာ ပျော်စရာသဘောထားတတ်တယ်လို့ တွေ့ရှိရပါတယ်။ ဘဝမှာအရာရာကို အကောင်းမြင်ပြီး မကြာခဏပြုံးပျော်ရယ်မောတတ်သူတွေက အသက်ရှည်တတ်ပါတယ်။ အကြောင်းကတော့ ရယ်မောတာကြောင့် သွေးတိုးကျတာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ နာကျင်မှု လျော့ပါးသက်သာတတ်လို့ပဲ ဖြစ်ပါတယ်။

နည်းလမ်းကောင်း (၂) ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်စွာတည်ဆောက်ခြင်း
သူငယ်ချင်းတွေနဲ့ကော်ဖီအတူထွက်သောက်တာ၊ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး ငယ်ငယ်က အကြောင်းတွေ ပြန်ပြောတာတွေကြောင့် ပျော်ရွှင်နုပျိုစေပါတယ်။ ဘရိုင်ဟမ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ပေါင်းသင်းဆက်ဆံရေးကောင်းတာနဲ့ ဘဝသက်တမ်းအကြား ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ခိုင်မြဲတဲ့ ပေါင်းသင်းဆက်ဆံရေးရှိသူတွေဟာ ပေါင်းသင်းဆက်ဆံရေးအားနည်းသူတွေထက် အသက်ရှည်ရှည်နေရနိုင်ခြေ ၅၀ ရာခိုင် နှုန်းပိုများပါတယ်။ အထီးကျန်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကိုထိခိုက်စေပြီး ရောဂါဝေဒနာတွေကိုတွန်းလှန်နိုင်ဖို့ အခက်အခဲရှိတတ်ပါတယ်။

နည်းလမ်းကောင်း (၃) ရေတစ်ဝက်ပါသော ဖန်ခွက်ကို တစ်ဝက်ပြည့်နေသည်ဟုမြင်ခြင်း
အီလီနွိုက်လေ့လာမှုတစ်ခုအရ ပျော်ရွှင်တဲ့သူတွေက မပျော်ရွှင်သူတွေနဲ့ယှဉ်ရင် ကျန်းမာရေး ပိုကောင်းပြီး အသက်ရှည်ရှည်နေရနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ စိတ်ဓာတ်ကျတာ၊ အဆိုးမြင်တာနဲ့ စိတ်ဖိစီးမှု တွေရှိတာက ဘဝသက်တမ်း ပိုတိုမယ်လို့ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီလို စိတ်အခြေအနေရှိတာကြောင့် ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုတုံ့ပြန်မှုပိုများပြီး ကိုယ်ခံအားစနစ် အားနည်းစေတတ်ပါတယ်။ ပျော်ရွှင်မှုကတော့ စိတ်ဖိစီးမှုဟော်မုန်းကို လျော့နည်းစေတာကြောင့် နေ့တိုင်း စိတ်ကျေနပ်မှုရှိအောင် နေထိုင်ပါ။ တစ်ဝက်ပါတဲ့ ရေဖန်ခွက်ကို ရေတစ်ဝက် လျော့နေတယ်လို့ မမြင်ဘဲ ရေတစ်ဝက်ပြည့်နေတယ်လို့ မြင်တဲ့သူတွေက ဘဝမှာ အသက်ရှည်စေမယ့် နည်းလမ်းကောင်းပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top