Healthy Life Ad
Life Style

အငြင်းပွားမှုတိုင်း အနိုင်ရအောင် ဘယ်လိုလုပ်သင့်သလဲ . . .

ကိုထက်

အနိုင်ရဖို့ မကြိုးစားသင့်
တစ်စုံတစ်ယောက်က သူ့စိတ်ကူးအကြံဉာဏ် ကို ပြောပြချိန်မှာ ဘာကိုမှ လက်မခံဘဲ တိုက်ခိုက်ဖို့ မကြိုးစားပါနဲ့။ သူပြောတဲ့အကြံကို လိုက်နာဖို့ သင့်ရဲ့လား၊ ဘာအားသာချက် ရှိသလဲ၊ ဘာအားနည်းချက်ရှိသလဲဆိုတာကို ဆန်းစစ်သင့်ပါတယ်။

သူ့အမြင်ကို လေးစားပါ
အများနဲ့အလုပ်လုပ်တဲ့အခါ မတူတဲ့ အမြင်ကတော့ရှိမှာပါပဲ။ တစ်ပါးသူရဲ့ အမြင်ကို လေးစားပါ။ သဘောမတူရင်တောင် ဘာကြောင့် သဘောမတူရသလဲဆိုတာ ယဉ်ယဉ်ကျေးကျေးရှင်းပြပါ။

ပွင့်လင်းတဲ့ မေးခွန်းတွေ မေးပါ
ပွင့်လင်းတဲ့ မေးခွန်းတွေက တစ်ဦးနဲ့ တစ်ဦး ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးမှုကို ဖြစ်စေပါတယ်။ စိတ်ထဲမကျေလည်တာရှိရင် မျိုသိပ်မထားပါနဲ့။ ချက်ချင်းမေးလိုက်ပါ။

ယုံကြည်မှုရှိပါ
လူတွေကဆွေးနွေးခန်းထဲမှာ စမတ်အကျဆုံး လူပြောတာကို နားထောင်ဖို့ ဝန်လေးတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ သူ့ပြောစကားနားထောင်ပြီး အပြန်အလှန် ဆွေးနွေးသင့်ပါတယ်။

မှန်ကန်တဲ့ ကိုယ်နေဟန်အပြုအမူရှိပါစေ
တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းရာမှာ ကိုယ်နေဟန်အပြုအမူက မှန်ကန်ဖို့ လိုပါတယ်။ ခပ်ရိုင်းရိုင်းမတုံ့ပြန်မိပါစေနဲ့။

ဘာကြောင့်ဆိုတာ မမေးနဲ့၊ ဘယ်လိုဆိုတာ မေးပါ
လူတစ်ယောက်က သူ့အမြင်ကိုတင်ပြတဲ့အခါ ဘာကြောင့်လုပ်သင့်တာလဲဆိုတာကိုမမေးပါနဲ့။ ဘယ်လို လုပ်သင့်သလဲဆိုတာကိုမေးပါ။ ဒါမှ တိကျတဲ့အဖြေထွက်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top