Healthy Life Ad
Health Tips

ပန်းသီးရှလကာရည်သုံးပြီး ခြေထောက်စိမ်ခြင်းကြောင့် ရရှိသည့် ကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

– ခြေသည်းဝဲစားတာကို ကုသပေးပါတယ်။

– ခြေထောက်ကြွက်သား တောင့်တင်းမှု သက်သာစေပါတယ်။

– စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

– ခြေသည်းဖန်းဂတ်စ်ပိုး ကုသပေးပါတယ်။

– ပျားတုပ်တာကို ကုသပေးပါတယ်။

– ခြေထောက်ကြွက်နို့၊ အသားမာနဲ့ အနာဖေးတွေကို သက်သာစေပါတယ်။

ပန်းသီးရှလကာရည်သုံးပြီး ခြေထောက်စိမ်နည်း

လိုအပ်သည့် အရာများ

– ပန်းသီးရှလကာရည် အကြမ်းပန်းကန်လုံး ငါးခွက်

– ခပ်နွေးနွေးရေ တစ်ဂါလံ

– ခြေထောက်စိမ်ဖို့ ရေဇလုံကြီးတစ်ခု

ဘယ်လို လုပ်ရမလဲ

– ရေဇလုံကြီးထဲမှာ ပန်းသီးရှလကာရည် ငါးခွက်နဲ့ ရေနွေးတစ်ဂါလံထည့်လိုက်ပါ။

– မွှေပြီး ခြေထောက်နှစ်ဖက်စလုံးကို ၁၀ -၁၅ မိနစ်ကြာ စိမ်ထားပါ။

– ပြီးရင် ခြေထောက်ထုတ်ပြီး ခြောက်အောင်သုတ်ပါ။

ဒီနည်းအတိုင်း တစ်ရက်မှာ နှစ်ကြိမ်စိမ်ပေးတာကြောင့် သိသာတဲ့ အပန်းပြေမှုကို ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top