Healthy Life Ad
Child

ကလေးကို မဖြစ်မနေပြောပြသင့်သည့် စကားများ

အရွယ်ရောက်မှ ပြုပြင်ထိန်းကျောင်းတာထက် ကလေးအရွယ်ကတည်းက ပြုပြင်ထိန်းကျောင်းပေး သင့်ပါတယ်။ ကလေးကို ပြောသင့်တဲ့ စကားလုံးလေးတွေကတော့-

(၁) တကယ်ထူးခြားတဲ့ ကလေးလေးလို့ မေမေထင်တယ်။

(၂) အိုး . .သိပ်တော်တာပဲ။

(၃) သား/သမီးက မေမေ့ကိုပျော်ရွှင်စေတယ်ကွယ်။

(၄) မေမေတို့ဆီ သားရောက်လာလို့ ကျေးဇူးတင်တယ်။

(၅) သားလုပ်တဲ့ အပြူအမူက တကယ်ကြင်နာတဲ့ အပြုအမူပဲ။

(၆) ဒီလို ထူးချွန်တဲ့ကလေးလေးရှိတာ တကယ်ကံကောင်းတယ်။

(၇) မေမေ့ကို ကူညီတဲ့အတွက်ကျေးဇူးပါ။

(၈) သား/သမီးကို ပွေ့ဖက်လိုက်ရင် အားရှိသွားတာပဲ။

(၉) သား/သမီးရဲ့ မေမေဖြစ်ခွင့်ရတာ တကယ် ကျေနပ်တယ်။

(၁၀) သား/သမီးက အိမ်အလုပ်တွေ ကူလုပ်ပေးနေတာပေါ့။

(၁၁) သား/သမီးက ညီ/ညီမလေး အပေါ် ငဲ့ညှာတာမြင်ရလို့ မေမေကြည်နူးမိတယ်။

(၁၂) သား/သမီးကို မေမေယုံတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top