Healthy Life Ad
Q & A

ဆီးလမ်းကြောင်း ကျန်းမာရေး

ဒေါက်တာတင့်ဆွေ

ဆီးလမ်းကျောက်က နာခြင်း (Agony)

မေး. တမြန်နေ့က အရေးပေါ်ဆေးရုံသွားလိုက်ရတယ်။ သူ့ဇနီးက ဖုန်းဆက်တယ်။ ကိုမင်းမင်းဗိုက်နာ နေလို့တဲ့။ လူနာကိုပါမေးရတယ်။ ဘယ်နေရာမှာနာသလဲ။ ဘယ်လောက်ဆိုးသလဲ။ ဆေးရုံကစစ်ဆေးတော့ ယူရီတာစတုန်းတဲ့။ ကျောက်ကပ်နဲ့ ဆီးအိမ်ကြားက အောက်ဆင်းလာတဲ့ပြွန်မှာ။

အဲတာမျိုးက နာတယ်။ ဆောရီး။ ဆီးပြွန်က အထက်မှာကျယ်ပြီး အောက်ရောက်လေ ကျဉ်းလေ။ ဘယ်-ညာ ရှိတယ်။ အဲဒီမှာ ကျောက်ကတစ်နေလို့ နာတာကို Ureteric colic လို့ခေါ်တယ်။ နာတာကို ပိန်းလို့တောင်မခေါ်ဘူး။ အေဂိုနီလို့ခေါ်တယ်။ နာတာအတွက်ဆေးက Buscopan/Spasmo Cibalgin စတဲ့ဆေးဖြစ်တယ်။ စားဆေးနဲ့ထိုးဆေးရှိတယ်။ ကျွန်တော်လည်းဖြစ်ဖူးတယ်။ တခါက အင်ဖားမြို့ကနေ ဒေလီအပြန်လမ်းမှာ နာလို့ သန်ခေါင်ကျော်အချိန် ဘတ်စ်ကားအရပ်ခိုင်းပြီး ကိုယ့်ဖါသာကိုယ် ဆေးထိုးရတယ်။ အဲဒီကတည်းက စားဆေးရော၊ ထိုးဆေးရော၊ ဆေးထိုးအပ်ပါယူသွားတယ်။

တခြားနိုင်ငံတွေသွားလည်း ယူသွားတယ်။ အစည်းအဝေးတခုသွားတော့ အမတ်တဦး ညကြီးမင်းကြီး အဲလိုနာလို့ ပါလာတဲ့ဆေးကို ထိုးပေးရတယ်။ ၅ မိနစ်အတွင်း သက်သာသွားတယ်။ ဒပ်ဗလင်မြို့မှ လားစတော့ဟုမ်းမြို့မှာလား မမှတ်မိတော့ဘူး။ သက်သာမှ သူကပြောပါတယ်။ နာလွန်းလို့ အနားမှာ သေနတ်သာရှိရင် ကိုယ့်ကိုယ်ကို ပြစ်သတ်မိမယ်တဲ့။ သူက လူကောင်ကြီးလို့ 3 ampoules IV ထိုးပေးရတယ်။ သာမန်လူဆိုရင် ၂လုံးဆိုရတယ်။ တော်တော်တန်တန်နာရင် စားဆေး ၁-၂ ပြားဆိုရင်ရတယ်။

ဆီးပေါက်နေရာလွဲရောဂါ (Hypospadias)

လွန်ခဲ့တဲ့ မိနစ်ပိုင်းက မေးခွန်းတခုလာတာ နိုတီဖီကေးရှင်းကနေသိရလို့ ဖြေလိုက်ပါတယ်။ ဘယ်နေရာကနေ မေးသလဲမသိ။ မေးစရာနေရာတွေက အတော်များတာ။ အီးမေးလ်က doctortin tswe@gmail.com နဲ့ drswe01@gmail.com လို့ ၂မျိုး။ နောက်ဟာကို မဖတ်အားတော့ပါ။ ဆောရီး။ ဖေ့စ်ဘွတ်အကောင့် မက်ဆင်ဂျာကနေမေးတာ ရှိတယ်။ အကောင့်က ၂ ခုဆိုတော့ အဲတာလည်း ၂ နေရာကနေလာတယ်။ ပေ့ချ် Inbox ကနေ လည်းလာတယ်။ အဲတာကလည်း ၂ ခု။ ဖြေချိန်ရတိုင်း အဲဒီနေရာတွေ အကုန်လိုက်ရှာရတာ။

အခုမေးခွန်းက Hypospadias လို့ခေါ်တယ်။ ယောကျာ်းလေး ဆီးထွက်ပေါက်နေရာလွဲနေတာ။ မွေးရာပါရောဂါ။ အဲဒီရောဂါအကြောင်းမေးတယ်။ မြန်မာလိုရေးထားတာမရှိသေးပါ၊ ခွဲစိတ်ပြုပြင်ရမယ်လို့ ဖြေလိုက်တယ်။ မေးတဲ့သူက မြန်မာပြည်မှာ လုပ်လို့ရလားတဲ့။ ဆီးလမ်းအထူးကုဆရာဝန်က လုပ်ပေးနိုင်ပါမယ်လို့ ထပ်ဖြေလိုက်ပါတယ်။ ပန်းအဖျားကနေသာ ဆီးထွက်ရတယ်။ အဲလို ကလေးပန်းအဖျားမှာ အပေါက်မရှိဘဲ ပန်းအဖျားအောက်- အထက်နားကနေ ဆီးထွက်တယ်။ အနုစိတ်ခွဲရတယ်။

ကျွန်တော် နယူးဒေလီမှာနေခဲ့စဉ်က အပြင်ဆေးခန်းတခုမှာ အွန်ကောလ်ခွဲစိတ်ဆရာဝန်လုပ်ခဲ့ဖူးတယ်။ အွန်ကောလ်ဆိုတာ လူနာလာရင် လှမ်းခေါ်တာ။ ဗိုက်ခွဲမွေး လူနာသာများတယ်။ တရက်မှာ အဲ လိုလူနာအတွက် ခေါ်တယ်။ လူနာက လူရွယ်ဖြစ်နေပါပြီ။ ဆေးခန်းကလည်း အသစ်။ ခွဲစိတ်ခန်းကလည်း ထူထောင်ကာစ။ ဆေးခန်းပိုင်ဆရာဝန်က ရိုးရိုးဆရာဝန်။ ကျွန်တော်လည်း အင်ဘီဘီအက်စ်သာအောင်တဲ့သူ။ ကျွန်တော့်အကျင့်က မဖြစ်မနေလုပ်ချင်တယ်။ ရှိတဲ့ပစ္စည်းနဲ့ ရအောင်ကြိုးစားတယ်။ အတော်လက်ဝင်တဲ့ ခွဲစိတ်ကုသနည်းဖြစ်ပါတယ်။ ကိရိယာသေးသေးလေးတွေ၊ ချုပ်ကြိုးမျှင်မျှင်လေးတွေလိုတယ်။

ပန်းအောက်နားက အရေပြားကို အသစ်လုပ်မဲ့ ဆီးသွားလမ်းအတွင်းဖုံးလွှာဖြစ်အောင် ကြံရဖန်ရတယ်။ နည်းသိဖို့လိုတယ်။ လက်ငြိမ်ရတယ်။ ပြီးရင် အနာမကျက်ခင်အထိ ဆီးပိုက်ထည့်ထားရတယ်။ မွေးရာပါရောဂါဟာ ယောကျာ်းလေး ၂၀ဝ မှာ ၁ယောက်ဖြစ်နိုင်တယ်။ ၁၅% မှာ ပန်းတံလေးပါ ကောက်နေတယ်။ Chordee လို့ခေါ်တယ်။ ဆီး ထွက်ပေါက်က ပန်းအဖျားနဲ့ဘယ်လောက်ဝေးသလဲ မတူကြပါ။ မေးတဲ့လူနာ နေကောင်းကျန်းမာပါစေသတည်း။

ကျောက်ကပ်အိတ်ဖြစ်တာ ဆေးကုစရာမလိုတာ လည်းရှိတယ်။ အဲတာမျိုးကများတယ်။ အရေးကြီးတာလည်းရှိတယ်။ ဘာလို့ဖြစ်လဲ မရှင်းပါ။ ကျောက်ကပ်မျက်နှာပြင်မှာဖြစ်တယ်။ တချို့မှာ အိတ်လေးတွေ အများကြီးဖြစ်တယ်။ Polycystic kidney disease လို့ခေါ်တယ်။

ကျောက်ကပ်အိတ် (Renal cortical cyst)

၁။ ဆရာရှင့် အဖေက အသက် ၆၇နှစ်။ medical check up လုပ်ရင်းနဲ့ ကျောက်ကပ်မှာ ရေအိတ်တွေ့လို့ပါ။ လောလောဆယ်ခံစားရတဲ့ ဝေဒနာမရှိပါ။ ဆေးစစ်ထားတဲ့အဖြေတွေ တွဲပို့ပေးလိုက်ပါတယ်ရှင့်။ ဆရာဆီက အကြံဉာဏ်ယူချင်လို့ပါ။ ခွဲစိတ်တာနဲ့ ဒီအတိုင်းထားတာမှာ ဘယ်ဟာက ပိုပြီးစိတ်ချရနိုင်ပါသလဲ။ ကျေးဇူးပါရှင့်။ လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ယှဉ်ရင် 1 cm လောက် ကြီးလာပါတယ်ရှင့်။

ဆေးစစ်ချက်မှာ Renal cortical cyst ကျောက်ကပ်အိတ်လို့ ဖတ်ရတယ်။ ကျောက်ကပ်အိတ်ဖြစ်တာ ဆေးကုစရာမလိုတာလည်းရှိတယ်။ အဲတာမျိုးကများတယ်။ အရေးကြီးတာလည်းရှိတယ်။ ဘာလို့ဖြစ်လဲ မရှင်းပါ။ ကျောက်ကပ်မျက်နှာပြင်မှာဖြစ်တယ်။ တချို့မှာ အိတ်လေးတွေ အများကြီးဖြစ်တယ်။ Polycystic kidney disease လို့ခေါ်တယ်။ ဆိုးတယ်။ ဆောရီး။ Simple kidney cysts ရိုးရိုးအိတ်ကို အမှတ်မထင်ဆေးစစ်ရင်းတွေ့တတ်တယ်။ ဘာမှမခံစားရလို့ ရှိနေတာမသိပါ။ အရွယ်အစားကြီးရင် ခါးနေရာနာမယ်။ ဖျားနိုင်တယ်။

ကံမကောင်းရင် နောက်ဆက်တွဲဖြစ်လာနိုင်တာတွေရှိတယ်။ ပိုးဝင်နိုင်တယ်။ ပေါက်သွားနိုင်တယ်။ ဆီးလမ်းကိုပိတ်နေနိုင်တယ်။ Hydronephrosis ခေါ်တာဖြစ်မယ်။ CT scan ရိုက်နိုင်တယ်။ MRI ရိုက်နိုင်တယ်။ ကျောကပ်အလုပ်စစ်တာ လုပ်နိုင်တယ်။ ပိုးဝင်နေသူ ပိုးသေဆေးပေးမယ်။ တချို့ကို အရည်စုတ်ထုတ်ပေးမယ်။ တချို့ကိုခွဲထုတ်ပေးမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top