Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန်တွင် ဘဝတွင်ကျေနပ်စွာနေတတ်စေရန် သိသင့်သော အချက် ၈ ရပ်

၊ ငွေကြယ်စင်ယံ ၊

(၁) ဒေါသနဲ့ဝေးဝေးမှာနေပါ။ ဒေါသက သင့်ကိုပဲ နာကျင်ထိခိုက်စေပါတယ်။

(၂) အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်မှာ ကိုယ်ကမှန်နေရင် ဒေါသဖြစ်စရာ မလိုပါဘူး။ ကိုယ်ကမှားနေရင် သင့်မှာ ဒေါသဖြစ်ခွင့်တောင်မရှိပါဘူး။

(၃) မိသားစုအပေါ် စိတ်ရှည်တာက ချစ်ခြင်းမေတ္တာကို ပြသတာပဲဖြစ်ပါတယ်။ တခြားလူတွေအပေါ် စိတ်ရှည်ရှည်ထားတာက လေးစားမှုကိုပြသတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်စိတ်ရှည်တာက ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိကြောင်း ပြသတာဖြစ်ပါတယ်။

(၄) အတိတ်ကာလအကြောင်း ဘယ်တော့မှ မတွေးပါနဲ့။ အတိတ်ကာလကို ပြန်တွေးတာကြောင့် မျက်ရည်ကျရုံပဲရှိပါလိမ့်မယ်။ အနာဂတ်အကြောင်းကိုလည်း အများကြီး မစဉ်းစားပါနဲ့။ အခုလက်ရှိ အချိန်ကိုပဲ အပြုံးနဲ့ ရှင်သန်ပါ။ ပျော်ရွှင်ချမ်းမြေ့မှုကို ယူဆောင်လာပါလိမ့်မယ်။

(၅) ဘဝမှာ ကြုံတွေ့ရတဲ့ စမ်းသပ်မှုတိုင်းဟာ လူတွေကို ခါးသက်မှုနဲ့ ချိုမြိန်မှုတွေ ခံစားရစေနိုင်ပါတယ်။ အခါးကို ရွေးမလား၊ အချိုကို ရွေးမလားဆိုတာ သင့်သဘောပဲဖြစ်ပါတယ်။

(၆) လှပတဲ့အရာတိုင်း အမြဲမကောင်းပါဘူး။ ဒါပေမဲ့ကောင်းတဲ့ အရာတိုင်းကတော့ အမြဲလှပတတ်ပါတယ်။

(၇) သဘာဝက လက်ချောင်းကို မညီမျှအောင်လုပ်ဆောင်ပေးခဲ့ပေမယ့် သင့်အတွက် ထူးခြားတဲ့ ဘဝအဖော်က သင့်လက်တွေကို ဆုပ်ကိုင်ထားတဲ့အခါ လက်ချောင်းမညီမျှမှုဆိုတာ ပျောက်ကွယ်သွားပါတယ်။

(၈) ပျော်ရွှင်မှုက သင့်ကို ချိုမြိန်စေတဲ့အတွက် ဖြစ်နိုင်ရင် ပျော်ပျော်ရွှင်ရွှင်နေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top