Healthy Life Ad
Health Tips

နံနက်စာ စားရာတွင် မလုပ်သင့်သည့် အမှားများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နံနက်စာက တစ်နေ့လုံးအတွက် အရေးကြီးဆုံးအစာဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အောက်ပါ အမှားတွေပြုလုပ်ရင် သင်ထင်တာထက် အာဟာရလျော့နည်းနိုင်ပါတယ်။

(၁) နေ့စဉ် မတူညီသော ကယ်လိုရီ ရယူခြင်း
လတ်တလော ဗြိတိန် လေ့လာမှုတစ်ခုအရ နံနက်စာစားရာမှာ ကယ်လိုရီ ရယူမှု မတူညီတဲ့ လူတွေဟာ ခါးတုတ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းကျော် ပိုများတယ်လို့သိရပါတယ်။ ခါးနဲ့ ဗိုက်အဆီများတာက နှလုံးရောဂါအန္တရာယ်တစ်ခုပါ။

(၂) နံနက်စာက နည်းလွန်းခြင်း
အာဟာရရှိတဲ့ နံနက်စာအများအပြားကို သုံးလလောက် စားခဲ့တဲ့ ဆီးချိုရောဂါရှိသူတွေက နံနက်စာနည်းနည်းပဲစားသူတွေထက် သွေးတွင်း သကြားဓာတ်နဲ့ သွေးပေါင်လျော့ကျနိုင်ခြေ သုံးဆပိုများတယ်လို့ ၂၀၁၃ အစ္စရေး လေ့လာမှုအရသိရပါတယ်။ ပရိုတင်းပါဝင်မှုများတဲ့ နံနက်စာစားတာကြောင့် ဆာလောင်မှုဆိုင်ရာ ဟော်မုန်းဂရီလင်အဆင့် လျော့ကျနိုင်ပါတယ်။

(၃) ရိုးရိုးကွေကာ စားခြင်း
ပြောင်းမှုန့်အဖတ်ကြီးတွေပါတဲ့ အုတ်ဂျုံ ကွေကာကို နံနက်စာအဖြစ် ရွေးချယ်စားရင် ကျန်းမာရေးပိုကောင်းပါတယ်။ ဒါကြောင့် ရိုးရိုးကွေကာထက် အုတ်ဂျုံကွေကာကို ရွေးချယ်စားပါ။

(၄) မြေပဲထောပတ်အစား ထောပတ်ရွေးချယ်ခြင်း
နံနက်စာအဖြစ် မြေပဲထောပတ် ထည့်စားလေ့ရှိတဲ့ ကိုယ်အလေးချိန်များသူ အမျိုးသမီးတွေဟာ အချိန် ၁၂ နာရီကျော်ကြာ ဗိုက်ပြည့်နေတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နံနက်စာမှာ ထောပတ် (Butter)အစား မြေပဲထောပတ်(Peanut Butter)ကို ရွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top