Healthy Life Ad
Life Style

ခြားနားချက်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ သန်မာပြီး အစွမ်းရှိတဲ့ ခွေးတစ်ကောင်က ယုန်တစ်ကောင်နောက်ကို လိုက်နေပါတယ်။ အကြာကြီးပြေးပြီးနောက် မောပန်းနွမ်းနယ် လာတဲ့ ခွေးက အမဲလိုက်တာကို စွန့်လွှတ်လိုက်ပါတော့တယ်။ ဒီအဖြစ်အပျက်ကို စောင့်ကြည့်နေတဲ့ ဆိတ်အုပ်စုက ယုန်ကလေးဟာ ခွေးထက်ပိုတော် ပါလားလို့ အံ့သြတကြီး ဖြစ်နေကြသတဲ့။ ဆိတ်တွေရဲ့ သုံးသပ်ချက်ကို ကြားတော့ ခွေးက ပြန်ချေပတယ်။

“ယုန်ပြေးတယ်ဆိုတာ သူ့အသက် လွတ်မြောက်ဖို့ ပြေးတာ၊ ငါကတော့ ညစာအတွက် ပြေးတာလေ။ ဒါက ငါတို့နှစ်ကောင်ကြား ခြားနားချက်ပဲ”

ဒီစာစုက ကိုယ့်ဘဝအခြေအနေပေါ် မူတည်ပြီး အပြုအမူတွေ ကွာခြားသွားတယ်ဆိုတာကို မျှဝေထားတာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top