Healthy Life Ad
International

တစ်နေ့ လိမ္မော်သီးတစ်လုံးစားရုံဖြင့် မျက်မမြင်ဖြစ်နှုန်းကို ၆၀ ရာခိုင်နှုန်းလျှော့ချနိုင်

ကိုထက်

တစ်နေ့မှာ လိမ္မော်သီးတစ်လုံး မှန်မှန်စားပေးရုံနဲ့ မျက်မမြင်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုကို ဟန့်တားပေးနိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုလိုက်ပါတယ်။

လိမ္မော်သီးစားတာကြောင့် အသက်ကြီးတာနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။ မက်ကူလာယိုယွင်းပျက်စီးမှုက မျက်မမြင်ဖြစ်စေတဲ့ ရာနှုန်း ၆၀ လောက်ရှိနေပါတယ်။

“လိမ္မော်သီးမှာပါဝင်တဲ့ ဖလေဗနွိုက်က မက်ကူလာယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖလေဗနွိုက်က အစွမ်းထက် အင်တီအောက်ဆီးဒင့်ဖြစ်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အများစု ထဲမှာတွေ့ရပါတယ်။ ကိုယ်ခံအားစနစ်အတွက်ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းလည်း ရှိပါတယ်”လို့ ဆစ်ဒနီတက္ကသိုလ်မှ ပါမောက္ခဘာမီနီကဆိုပါတယ်။

ဖလေဗနွိုက်တွေက ပန်းသီးလို တခြားသစ်သီးတွေမှာပါပေမယ့် လိမ္မော်သီးထဲမှာပါတဲ့ ဖလေဗနွိုက် အင်တီအောက်ဆီးဒင့်ကသာ အမြင်အာရုံဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့်မှန်းတော့ မသိသေးပါဘူးတဲ့။

“ဖလေဗနွိုက်တွေက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အများစုမှာ တွေ့ရတဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်တွေပါ။ ရောင်ရမ်းမှု လျော့ကျစေပြီး ကိုယ်ခံအားစနစ်အတွက် အကျိုးရှိပါတယ်”လို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာသူတွေက အသက် ၄၉ နှစ်အထက် လူ ၂၀၃၇ ဦးကို ၁၅ နှစ်ကြာလေ့လာခဲ့ပြီး သူတို့ စားသောက်ပုံကိုပါ ဆန်းစစ်ခဲ့ပါတယ်။ လေ့လာမှုအရ တစ်ပတ်မှာ လိမ္မော်သီးတစ်လုံးပဲ စားဖြစ်ရင်တောင် သိသာတဲ့ ကောင်းကျိုးတွေ့ရတယ်လို့ သိရှိရပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top