Healthy Life Ad
International

အထီးကျန်ခြင်းက ကူးစက်တတ်သော အပြုအမူဖြစ်ကြောင်း သိရ

၊ ကိုထက် ၊

အထီးကျန်တာက အရွယ်ရောက်သူသုံးဦးမှာ တစ်ဦးနှုန်းဖြစ်တတ်တဲ့ ဝေဒနာပါ။ အထီးကျန်ဝေဒနာခံစားရတာကြောင့် ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး စိတ်ဓာတ်ကျတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတို့ ဖြစ်စေနိုင်ပါတယ်။ အထီးကျန်တာက ဆေးလိပ်သောက်တာလိုပဲ အရွယ်မတိုင်ခင် သေဆုံးမှုဖြစ်နှုန်းတိုးစေပါတယ်။ အဝလွန်တာထက်တောင် ပိုပြီး ထိခိုက်မှုဖြစ်တတ်ပါသေးတယ်။ အထီးကျန်ဝေဒနာခံစားရရင် အသေးအမွှား စိတ်ညစ်စရာအခြေအနေတွေမှာ ပိုပြီး စိတ်ဖိစီးမှုများနေတတ်ကာ အိပ်မပျော်ဘဲ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေနဲ့ယှဉ်ရင် အမေရိကန်မှာနေတဲ့ သူဦးရေဟာ ဒီနေ့ခေတ်မှာ အထီးကျန်သူဦးရေသုံးပုံတစ်ပုံခန့် တိုးမြင့်လာပြီလို့ သိရပါတယ်။ အထီးကျန်သူတွေထဲမှာ လူအုပ်စုထဲနေပြီး အထီးကျန်နေတာနဲ့ တစ်ဦးတည်းရှိလို့ အထီးကျန်တာဆိုပြီး နှစ်မျိုးရှိပါတယ်။ အထီးကျန်တာက ကူးစက်တတ်တဲ့ သဘောရှိပြီး စိတ်ခံစားမှုမကောင်းရာက အသက်အန္တရာယ်ရှိတာကြောင့် ဒါကို ကျော်လွှားဖို့ လိုအပ်ပါတယ်။

အထီးကျန်တဲ့အခြေအနေကို ကျော်လွှားဖို့ နည်းလမ်းအမျိုးမျိုးကို လေ့လာသူတွေက ဆန်းစစ်ခဲ့ရာမှာ အထီးကျန်သူနဲ့ စကားပြောတဲ့ လူဦးရေမြင့်မားတာ၊ လူမှုဆက်ဆံရေးအရည်အသွေး တိုးတက်တာ၊ တခြားသူတွေနဲ့ ပေါင်းသင်းရာမှာ အဆင်ပြေပြေဖြစ်အောင် သင်ပေးတာတွေက အရေးပါတယ်လို့ သိရပါတယ်။ လူမှုအသိုင်းအဝန်းမှာ အထီးကျန် နေသူတွေရှိရင် ပစ်ပယ်မထားဘဲ ဖေးကူပေးဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top