Healthy Life Ad
Life Style

မကောင်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်တဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ပင်ပန်းနွမ်းနယ်လွန်းနေသလား

– အပြင်ထွက်ပါ။

– ခြေဆန့်လက်ဆန့်ဖြစ်အောင် လမ်းလျှောက်ပါ။

– မိနစ် ၂၀ လောက် တစ်ရေးအိပ်တဲ့နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အပန်းဖြေပေးပါ။

– ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာစားပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးပါ။

စိတ်ထဲမွန်းကြပ်နေသလား

– ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဘယ်အရာကြောင့် မွန်းကြပ်နေတာလဲ၊ အဲဒါကို ဖြေရှင်းပြီးရင် စိတ်ပေါ့သွားမှာလား . .သေချာအောင် မေးခွန်းထုတ်ပါ။ သေချာပြီဆိုရင် အဲဒီအရာကို ဘယ်လိုချည်းကပ်နိုင်မလဲဆိုတာ အသေးစိတ်ချရေးပါ။ ကဲ . . လုပ်လို့ရမယ့်နည်းနဲ့ လုပ်ပါတော့။

– အခုမွန်းကြပ်နေတဲ့အရာ ပြေလည်ဖို့ ဘာလုပ်သင့်သလဲ၊ ဘာကို အာရုံစိုက်ဖြေရှင်းသင့်သလဲဆိုတာ မေးခွန်းထုတ်ပါ။

– အသက်ဝ၀ရှူလိုက်ပါ။ အရာရာတိုင်း အဆင်ပြေသွားမှာပဲလို့ တွေးလိုက်ပါ။

ငါ မကောင်ဘူးဆိုတဲ့ အတွေးတွေနဲ့ ပိတ်မိနေသလား

– ကိုယ့်ကိုယ်ကိုယ် မျှတတဲ့အတွေးတွေနဲ့ သုံးသပ်နေတာ ဟုတ်ရဲ့လား ပြန်မေးကြည့်ပါဦး။

– နာမည်ကြီးတဲ့သူတွေ၊ ရေပန်းစားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိနေသလား ဆန်းစစ်ပါ။

– ငါ မကောင်းဘူးဆိုရင် ဘာက မကောင်းတာလဲ မေးကြည့်ပါ။ မကောင်းဘူးထင်တဲ့ ကိုယ့်မှာရှိနေတဲ့အားသာချက် ငါးမျိုးကို ရအောင်ဆွဲထုတ်လိုက်ပါ။

– သင့်အချစ်ဆုံးနဲ့ အယုံကြည်ရဆုံး သူငယ်ချင်းက သင့်ကို ဘယ်လိုမြင်သလဲ။ မကောင်းဘူးလို့ မြင်သလား။ သူ့ကို ဖုန်းခေါ်ပြီး မေးကြည့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top