Healthy Life Ad
Women

မော်ဒယ် ရိုစီဟန်တင်တန် ကဲ့သို့ ခန္ဓာကိုယ်လှပကြည့်ကောင်းလိုလျှင်

– လရိပ်မေ

အသက် ၂၇ ခုနှစ်အရွယ် ရိုစီဟန်တင်တန်ရဲ့ ခန္ဓာကိုယ်သွယ်လျလှပပြီး အဆီမရှိရတဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို သူရဲ့အားကစားနည်းပြက အခုလို မျှဝေထားပါတယ်။

– အုန်းဆီစစ်စစ်ကို သုံးခြင်း

အုန်းဆီစစ်စစ်ဟာ ခန္ဓာကိုယ်အတွက် နည်းအမျိုးမျိုးနဲ့ ကောင်းကျိုးပြုနေပါတယ်။ ဥပမာပြောရရင်အုန်းဆီစစ်စစ် စားသုံးတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အုန်းဆီစစ်စစ်ကို အသင့်အတင့်စားသုံးရင် အဆီတွေကိုလျော့ကျစေပြီး ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။

– နေ့စဉ် ကိုက်လန်နှင့် ဟင်းနုနယ်ရွက် လက်တစ်ဆုပ်စာစားခြင်း

နေ့တိုင်း အနည်းဆုံးကိုက်လန်နဲ့ ဟင်းနုနယ်ရွက် လက်တစ်ဆုပ်စာစားပါ။ ဟင်းရွက်စိမ်းတွေကို မွှေစက်ထဲမှာ ရောမွှေပြီးဆူအောင်ပြုတ်ကာ အအေးခံပြီးစားပေးပါ။

– အသက်ဝ၀ ရှူခြင်း

ရိုစီလိုခန္ဓာကိုယ်လှပကြည့်ကောင်းဖို့အတွက်တစ်ခုက အသက်ဝ၀ရှူတာပဲဖြစ်ပါတယ်။ မှန်ကန်တဲ့အသက်ရှူလေ့ကျင့်ခန်းကို လုပ်ဆောင်တာကြောင့် လေ့ကျင့်ခန်းကို ပိုမိုကောင်းကောင်းလုပ်ဆောင်နိုင်လာပြီး စွမ်းအင်ပိုရှိကာ ပိုမိုပျော်ရွှင်လာပါလိမ့်မယ်။

– ရေများများ သောက်ခြင်း

ဒါက နောက်တစ်နည်းပါ။ အိပ်ရာနိုးနိုးချင်း ရေတစ်ဖန်ခွက်သောက်တာကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပြီး အသားအရေကြည်လင်စေပါလိမ့်မယ်။

– အာဟာရတန်ဖိုးရှိသော သဘာဝအစာများစားခြင်း

သကြားနဲ့ ကဖင်းဓာတ်ပါဝင်တဲ့ သဘာဝမကျတဲ့ အစားအသောက်တွေကိုရှောင်ပြီး သဘာဝကျတဲ့ အာဟာရရှိတဲ့ အစာတွေကို စားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်စာတွေကို တတ်နိုင်သမျှဆင်ခြင်ပါ။ အစာစားတဲ့အခါ ခါးပတ်၊ ဘောင်းဘီ၊ စကပ် စတာတွေ တင်းကျပ်တဲ့အထိမစားပါနဲ့။ ပြုပြင်ထားတဲ့အစာထက် သဘာဝအစာတွေကိုစားပါ။ ခန္ဓာကိုယ် ကြည်လင်လှပပြီး အဆိပ်အတောက်ကင်းစင်စေဖို့ အရက်ကိုရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top